Chapter 19

6K 482 169
                                    


လူကရီဝေစွာနဲ့ မူးရိပ်ရိပ်ဖြစ်နေသော်လည်း နှုတ်ခမ်းထက်မှ နွေးထွေးနေသော အထိအတွေ့ကိုတော့ ခံစားလို့ရနေသည်။ စွတ်စိုပြီး ပူနွေးနေသော နှုတ်ခမ်းသည် အေးစက်နေသော ခန္ဓာကိုယ်တစ်ခုလုံးကို ပူနွေးရှိန်းမြသွားစေနိုင်သည်အထိ အင်အားကြီးမားသည်မှာ မယုံနိုင်စရာပင်။

ရုတ်တရက် အားအင်တို့ ယုတ်လျော့လာသလို ခံစားမိ၍ မြူ့ရဲ့မာဖလာကို ဆုပ်ကိုင်ထားသော လက်တို့က လျော့ရဲလာရသည်၊ လွတ်ထွက်သွားမှာ စိုးသည့်အလား ကျွန်တော့်လက်တို့အပေါ်မှ အုပ်ကိုင်လိုက်သော မြူ့ရဲ့လက်တွေ၊ ကျွန်တော်လည်း မလွှတ်ချင်တော့၊

ရင်ခုန်လွန်းအားကြီးစွာဖြင့် ဆုပ်ကိုင်ထားပြီးလက်စ မာဖလာလေးကို လုံးချေနေမိသည်၊ တချက် တချက် စုပ်ယူလိုက်ပြီး ပြင်းထန်သွားသော မြူ့ရဲ့အနမ်းတွေကြောင့် ကျွန်တော့်နှုတ်ခမ်းလည်း ထူပူလာရသည်နှင့်အတူ ကျွန်တော့်လက်ထဲက မာဖလာလေးကလည်း ကြေမွနေရသည်၊ မာဖလာလေးသာ စကားပြောတတ်မည်ဆိုလျှင် သူ့ကို လုံးချေနေတဲ့ကျွန်တော့်ကို စိတ်တိုစွာဖြင့် မလုပ်ပါနဲ့လို့ ငြင်းဆိုနေလောက်သည်၊

စကားပြောတတ်တဲ့ ကျွန်တော်ကတော့ မြူ့အနမ်းတို့ကို ငြင်းဆန်နိုင်စွမ်းမဲ့စွာ ဆွံအနေမိသည်၊

ကျွန်တော် ကျေနပ်ပါသည်၊ မြူက ကျွန်တော့်ကို သင်ပေးသည့်အနေနှင့် နမ်းသည်ဖြစ်စေ၊ မူးနေ၍ အမှားလုပ်မိသည်ဖြစ်စေ၊ ယုတ်စွအဆုံး လူငယ်သဘာဝ အနမ်းဆိုတာကို လက်တည့်စမ်းချင်၍ စမ်းကြည့်လိုက်ရင်တောင် မြူနမ်းလိုက်တဲ့ အစမ်းသပ်ခံက ကျွန်တော်ဖြစ်ရသည်ဆိုရုံနဲ့ ကျွန်တော်ကျေနပ်ပါသည်။

________________မြူ__________________

ကုတင်ပေါ်တွင် လှဲလျက် မျက်နှာကျက်ကို အကြောင်းမဲ့သက်သက်ငေးကြည့်နေမိသည်။ Wineအရှိန်ကြောင့် အိပ်ချင်နေသည့် မျက်လုံးတို့က ကျိန်းစပ်နေပြီဖြစ်သော်လည်း အတွေးတို့များနေသောကြောင့် အိပ်စက်ခြင်းဆီသို့ မရောက်နိုင်သေး။

ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်ကို ကျောခိုင်း၍ အိပ်နေသော ၀ိုင်၊

မြူဝိုင်Donde viven las historias. Descúbrelo ahora