Chapter 5

3.1K 341 31
                                    


ဆရာမကို နှုတ်ဆက်ပြီး ထွက်သွားသည်နှင့် တစ်တန်းပြီးတစ်တန်းကို စာအုပ်တွေ လိုက်ယူရသည်။

"ငါမပြီးသေးဘူး"

မျက်နှာငယ်နဲ့ ပြောလာသော ကောင်မလေးတစ်ယောက်၊ ဆံပင် နားရွက်အောက်နားလောက်ထိ ကုပ်ကုပ်လေးနှင့် သာမန်ရုပ်ရည်သာရှိသော ကာင်မလေး။

"မပြီးသေးလည်း မထပ်နဲ့လေ၊ အရိုက်တော့ ခံလိုက်ပေါ့"

"မဟုတ်ဘူးလေ ငါက မနေ့ကမှ ကျောင်းပြောင်းလာတာ၊ သင်တာတွေမသိသေးဘူး၊ ခုနင်နဲ့ တူတူလိုက်ပြီး ဆရာမကို ပြောပြမလို့ နင်လည်း ကူပြောပေးပါလား"

"ရပါတယ် လိုက်ခဲ့လေ"

ကျွန်တော့်စာအုပ်တွေလည်း ကူသယ်ပေးရင်း ထိုကောင်မလေး လိုက်လာခဲ့သည်။

"ဆရာမ သူက မနေ့ကမှ ပြောင်းလာလို့တဲ့ စာတွေမမှီသေးဘူး"

"ဪ ဟုတ်ပြီ"

"သားစာအုပ်ဘယ်မှာလဲ အရင်ပေး"

ဆရာမက ကျွန်တော့်စာအုပ်ကို အရင်ဆုံး အမှတ်ခြစ်လိုက်ပြီး ပြန်ကမ်းပေးရင်း

"သား သူ့ကို လွတ်သွားတဲ့ စာတွေ ကူးခိုင်းလိုက် နားမလည်တာတွေလည်း နည်းနည်းရှင်းပေးလိုက်နော် တခြားဘာသာတွေရောပဲ"

"ဟုတ်ကဲ့ ဆရာမ"

ကျွန်တော့်ရဲ့ မုန့်စားကျောင်းဆင်းချိန် ကျောင်းကကွင်းထဲ basketball သွားဆော့မယ့် အစီအစဉ်ကတော့ ပျက်ပါပြီ။

အတန်းထဲ ပြန်ရောက်သည်နှင့် လူတွေကသိပ်မရှိတော့။ အားလပ်ချိန်ဆိုတော့လည်းလေ။ ခုဏက ကောင်မလေး ကျွန်တော်ခုံရှေ့ကို လာထိုင်ပြီး ထမင်းစားရင်း စာကူးသည်။ ကျွန်တော်လည်း ထမင်းစားရင်းပဲလလိုအပ်တာတွေ ပြောပြသည်။ "ဝိုင်" ဆိုရင်လည်း ကျောင်းသားသစ်အနေနဲ့ အခက်အခဲတွေရှိမှာပေါ့လို့ တွေးမိပြီး ရှေ့က ကောင်မလေးကိုလည်း ကိုယ်ချင်းစာမိပြီး စိတ်လိုလက်ရ ကူညီမိသည်။

"ယေ့ တစ်ဘာသာ ပြီးပြီ တော်သေးတယ် ဘာမှသိပ်မသင်ရသေးလို့"

ပြောရင်း ကောင်မလေးက စာအုပ်ပိတ်ချလိုက်ပြီး စာအုပ်ပေါ်မှာ နာမည်ထိုးသည်။

မြူဝိုင်Where stories live. Discover now