Chapter 7

3K 389 22
                                    

မိုးကောင်းကင်တခုလုံးက မှောင်မည်းတဲ့တိမ်မည်းတို့နဲ့ ဖုံးလွှမ်းနေသည်။ ပြိုတော့မယ့်မိုးကို မထိန်းနိုင်တဲ့ကောင်းကင်က အငြိုးတခုခုနဲ့ ရွာချဖို့ ဆိုင်းပြင်းနေပြီ။ မိုးရိပ်မိုးငွေ့တို့ကြောင့် အေးလာသော ရာသီဥတုနှင့် ဆန့်ကျင်စွာ ကျောင်းရဲ့ အားကစားရုံထဲ ချွေးတဒီးဒီးနှင့် training ဆင်းနေရသော ကျောင်းသားကျောင်းသူလေးတွေ။

ခုဆို ကျွန်တော်လည်း ၈တန်းရောက်ပြီ။ ကျောင်းပေါင်းစုံပြိုင်ပွဲကြီးက နီးကပ်နေပြီဖြစ်သည်။ ခုလည်း ကျောင်းဆင်းချိန်တောင် ကျောင်းမဆင်းရသေးဘဲ တစ်သင်းကို ၅ယောက်ဖြင့် လူခွဲကစား၍ လေ့ကျင့်နေရသည်။

"ဟေ့ နွေဦး"

ကျွန်တော့်အသင်းဘက်က ၉တန်းမှအကိုက လှမ်းအော်ခေါ်ရင်း ဘောလုံးကို လှမ်းပေးသည်။ ကျွန်တော်လည်း ပေါ့ပါးစွာဖြင့် ဘောလုံးကို ခုန်ဖမ်းလိုက်သည်။ ပြီးလျှင် ဘောလုံးကို ပုတ်ရင်း ရှေ့နားနှစ်လှမ်းလောက်တိုးပြီး တွေဝေမနေဘဲ Shoot လိုက်သည်။ ခြင်းထဲသို့ ဘောလုံးလေးက ကျနလှပစွာ ဝင်သွားသည်။ သွင်းပြီး ဘောလုံးဝင်သွားတာ သေချာသည်နှင့် တဖက်အသင်းသွင်းရမည့် အလှည့်သို့ ရောက်ပြီ။ ထို့ကြောင့် တဖက်စည်းဘက်သို့ ပြေးလိုက်ပြီး ကျွန်တော့်နေရာဖြစ်သည့် Centre သို့ဝင်ပြီး Defend ကစားကွက်ကို စတင်ရတော့သည်။

တဖက်အသင်းမှ ဘောလုံးပုတ်လာသည့်သူနားသို့ ရှေ့နည်းနည်းတိုးပြီး Foul မရှိစေဘဲ ဘောလုံးဖြတ်သည်။ ပြိုင်ပွဲကြီး မဟုတ်ဘဲ ဒီတိုင်းပဲလေ့ကျင့်နေတာဖြစ်သည့်အတွက် ဘောလုံးမရရအောင်တော့ ဖြတ်လုမနေတော့။ ကျွန်တော် ရှေ့မှ ပုတ်နေသည့်သူက ခပ်လှမ်းလှမ်းမှ ဘုတ်တိုင်နှင့် ပိုနီးနေသောသူကို passing ပေးလိုက်သည်။ ထိုသူဘောလုံးရ၍ Shoot ရန်ပြင်လိုက်သောအခါ သူ့ရှေ့မှ လက်မြှောက်၍ ကာလိုက်သည်။

ကျွန်တော့်လို လူကောင်ကြီးကြီးက Shoot မည့် ငပုလေးရှေ့မှာ လက်မြှောက်ကာလိုက်တော့ သူ Shoot ဖို့ မလွယ်ကူတော့။ သို့သော် သူသည် ရသည့်အားနှင့် ကြိုးစား Shoot လိုက်သည်။ ဘောလုံးက ခြင်းထဲကို မဝင်ဘဲ Board ကိုပဲ ထိပြီး ပြန်ကန်ထွက်လာမည်ကို ရိပ်မိသော ကျွန်တော်က ဘောလုံးကို Rebound ဖမ်းရန် အသင့်ပြင်ထားလိုက်သည်။ ထင်သည့်အတိုင်းပင် ဘောလုံးက Board ကိုပဲ ထိပြီး ပြန်ကန်ထွက်လာသည်။ အားလုံး Rebound ဖမ်းဖို့ ကြိုးစားကြပေမယ့် အရွယ်နှင်ပင် မလိုက် အရပ်ရှည်နေသည့် ကျွန်တော် ခုန်ဖမ်းသည့်လက်ထဲသို့သာ ဘောလုံးက ရောက်လာသည်။

မြူဝိုင်Dove le storie prendono vita. Scoprilo ora