သူသင်ပေးခဲ့တဲ့အချစ်အကြောင်း
Part.1
#Ming
ကျွန်တော့်ရဲ့နာမည်ကMing..အသက်ကတော့၁၉နှစ်ပါ..ကျွန်တော်ကအင်ဂျင်နီယာတက္ကသိုလ်ပထမနှစ်တတ်ဖို့စောင့်နေတဲ့သူပေါ့...ကျွန်တော်တို့မိသားစုအကြောင်းပြောရမယ်ဆိုရင်...ကျွန်တော်တို့ကမိသားစု၅ယောက်ရှိတယ်...ပါးရယ်...မားရယ်...ကျွန်တော်ရယ်.ညီလေးရယ်..ညီမလေးရယ်ပေါ့...ကျွန်တော်ညီလေးနာမည်ကWayo တဲ့...ညီမလေးကတော့Pink လို့ခေါ်တယ်...
ကျွန်တော်တို့မိသားစုက လူချမ်းသာစာရင်းဝင်တွေဆိုတော့ ဘဝကဘာအပူပင်မှမရှိဘူးလေ...ပါးနဲ့မားကလည်း အရမ်းချစ်ပီးယူခဲ့ကြတာဆိုတော့ အိမ်တွင်းရေးပြသနာတွေလည်းမရှိဘူး...ကျွန်တော်တို့ မောင်နှမ၃ယောက်ကိုလည်းအရမ်းအလိုလိုက်ပီး
လိုလေသေးမရှိအောင်ထားခဲ့တာ... ကျွန်တော်ကမိသားစုထဲမှာ သားဦးယောကျာ်းလေးလည်းဖစ် မိဘကလည်းချမ်းသာ ငယ်ငယ်ထဲကလက်ညှိုးညွှန်ရာရေဖစ်ခဲ့တဲ့သူဆိုတော့ လူမှုဆက်ဆံရေးတော့နဲနဲညံ့တယ်လေ...မလိုတဲ့လူတွေကပြောကြတာတော့ ဘဝင်မြင့်တယ်ဆိုတယ်ဆိုလား...မာနကြီးတယ်ဆိုလားပဲ...ကျွန်တော်မှကျွန်တော်ဖစ်နေတဲ့မိန်းခလေးတွေကတော့ ကျွန်တော့်ရဲ့ ခပ်ချေချေပုံစံလေးကိုမှသဘောကျပီး လိုက်ကပ်နေကြတာလေ..သေချာပြောရရင် ကျွန်တော့်ရဲ့ပုံစံကိုသဘောကျတာကတပိုင်း အဲ့ထပ်သူတို့ပိုသဘောကျတာက ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုကိုလေ...
ကျွန်တော့်ဆီလာကပ်သမျှ မိန်းခလေးတိုင်းမှာ အလိုရမ္မက်တွေအမြဲပါနေတတ်တယ်...ကျွန်တော်ကိုယ်တိုင်ကလည်း အပျော်ပဲသဘောထားတော့ သိပ်တော့ဂရုစိုက်စရာမလိုပါဘူး...အော် အပျော်ဆိုလို့ ကျွန်တော်မိန်းခလေးတယောက်ထိခိုက်နစ်နာလောက်မဲ့ အရာမျိုးကိုတော့ ဘယ်တော့မှမလုပ်ဘူးနော်...
သွားသွားလာလာ စားစားသောက်သောက် ဒီလောက်ပဲတွဲတာပါ...သူတို့ကသာ သူတို့လိုဘပြည့်ဖို့ ကျွန်တော်ဆီလာလာကပ်နေကြတာ...
YOU ARE READING
သူသင်ပေးခဲ့တဲ့အချစ်အကြောင်း❤
Fanfictionပထမဆုံးရေးတဲ့ ficလေးမို့ အဆင်မပြေတာရှိရင်နားလည်ပေးကြပါနော်😁