Part.5

1.3K 97 2
                                    

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း

Part.5

#Ming's View

မားဆိုသည်​မှာလည်း တသားထဲသား​နေ​တော့တာပဲ...မသိရင်​မားမှာ ​မွေးထားတဲ့သား​တွေမရှိတဲ့အတိုင်းပဲ...ဘာလို့်​များ ဒီတ​ယောက်​ကိုမားက သ​ဘော​တွေအရမ်းကျ​နေတာလဲမသိဘူး...ခုလည်းကြည့်​ စကား​တွေ​ပြော​နေတာရွှန်းရွှန်းကို​ဝေလို့...အိမ်​ကသား​တွေနဲ့​တောင်​အဲ့​လောက်​ ပြုံး​ပျော်​ပီးစကားမ​ပြောဖူးဘူး...
ကျွန်​​တော်​ကိုယ့်​အ​တွေးနဲ့ကိုယ်​ငြိမ်​​နေတုန်း...

#Kit : "အလုပ်​လာရှုပ်​သလိုဖစ်​သွားရင်​​တောင်းပန်​ပါတယ်​ဗျ...ကျွန်​​တော်​ကအ​ဆောင်​မှာပဲ​နေမယ်​ဆိုတာကို ပါးကဒီမှာပဲ​နေရမယ်​ဆိုလို့ပါ..."

#Ming's Mom : "ရပါတယ်​ကွယ်​...သားဒီမှာလာ​နေတာကိုပဲ မားကဝမ်းသာ​နေတာ...သားကသားရဲ့မားနဲ့ အရမ်းတူတာပဲ...ပါးချိုင့်​​လေး​တွေကအစတူ​နေတာ..."

#Kit : "ဟုတ်​...မားနဲ့တူတယ်​လို့​တော့​ပြောကြပါတယ်​ဗျ..."

#Ming's Mom : "သားလည်းခရီးပန်းလာမှာ​ပေါ့...နားလိုက်​ဦး​နော်​...ညစာစားချိန်​မှ လာ​ခေါ်ခိုင်းလိုက်​မယ်​...Mingရေ... Kit​လေးကိုသူ​နေရမဲ့အခန်းကို​ခေါ်သွားလိုက်​​နော်​...သားKitသား​နေရမဲ့အခန်းက Mingအခန်းနဲ့​ဘေးချင်းကပ်​ရပ်​​နော်​...သားကအဖြူ​ရောင်​ကြိုက်​တယ်​ဆိုလို့ အခန်းထဲမှာ အားလုံးကိုအဖြူ​ရောင်​​တွေပဲပြင်​​ပေးထားတယ်​..."

#Kit : "ဟုတ်​ကဲ့​ ​ကျေးဇူးတင်​ပါတယ်​အန်​တီ..."

#Ming's Mom : "မားလို့ပဲ​ခေါ်ပါသားရဲ့...သားက မားရဲ့သားပဲ​ပေါ့..."

#Kit : "ဟုတ်​ကဲ့ပါမား..."

ကြည့်​ပါလား...အဆင်​​တွေ​ပြေ​နေကြတာဆိုတာ... သားအရင်းတ​ယောက်​လုံးကို​ဘေးမှာထားပီး သား​တွေမား​တွေဖစ်​​နေကြတာ...ကျွန်​​တော်​ကြည့်​မရတာမလွန်​ပါဘူး...သူကိုက​ရောက်​လာထဲကအိမ်​ကလူ​တွေကို
သိမ်းသွင်း​နေတာ...

ပုံစံ​လေးကဖြူစင်​သလိုရိုးသားသလိုနဲ့ ဘာ​တွေကြံစည်​​နေလဲမသိဘူး...ကျွန်​​တော်​က​တော့ဘယ်​သူ့ကိုမှ မယုံကြည်​သလို အ​ရောတဝင်​လည်းမ​နေတတ်​ဘူး...သူ့ရဲ့​​အေး​ဆေးတည်​ငြိမ်​​နေတဲ့ပုံကလည်း ဟန်​​ဆောင်​​နေတာပဲဖစ်​မှာပဲ...အားနာ​နေတဲ့ပုံ​တွေလုပ်​​နေ​ပေမဲ့ ကျွန်​​တော်​က​တော့ အယုံကြည်​ကိုမရှိတာ...အစစအရာရာ
ပြည့်​စုံ​နေတဲ့ ကျွန်​​တော်​တို့အိမ်​လို​နေရာမျိုးမှာလာ​နေရတာ သူ့အတွက်​ဘာနစ်​နာစရာရှိလို့လဲ...အဲ့တာကိုမ​နေချင်​သလိုလို ဘာလိုလိုလုပ်​​နေ​သေးတယ်​...အ​ဆောင်​မှာ​နေမလို့တဲ့...အဟက်​...အပို​တွေ...

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း❤Where stories live. Discover now