Part.16

1.3K 104 9
                                    

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း

Part.16

#Ming's View

အ​တွေးနဲ့တင်​ကျွန်​တော့်​ရင်​​တွေ ပူ​​လောင်​​နေမိတယ်​...
Pကို အငယ်​မနဲ့သ​ဘောတူထားတာသာဆိုရင်​ ဘယ်​လိုလုပ်​မလဲ...ကျွန်​​တော်​ဘာလုပ်​ရမလဲ...ကျွန်​​တော်​ Pကိုဒီလိုပဲ လက်​လွှတ်​​ပေးလိုက်​ရ​တော့မှာလား...ဟင့်​အင်း ကျွန်​​တော်​ Pကိုဘယ်​သူ့ကိုမှမ​ပေးနိုင်​ဘူး...Pကကျွန်​​တော့်​အတွက်​ပဲဖစ်​ရမယ်​...ကျွန်​​တော်​အ​တွေးလွန်​ပီးမျက်​နှာအပျက်​ပျက်​နဲ့ မတ်​တပ်​ထရပ်​လိုက်​မိ​တော့...

#Ming's Mom: "သားMing မားစကား​ပြောလို့မပီး​သေးဘူး​လေ...ဘယ်​သွားမလို့လဲပြန်​ထိုင်​ပါဦး..."

#Ming: "ဟုတ်​...ဟုတ်​ကဲ့မား..."

ကျွန်​​တော်​အထစ်​ထစ်​အ​ငေါ့​​ငေါ့နဲ့ပြန်​​ဖြေပီး ဆိုဖာ​မှာပြန်​ထိုင်​လိုက်​တယ်​...

#Ming's Mom: "မားတို့မိန်းခ​လေး​မွေးရင်​ ​Kitလေးနဲ့ လက်​ထပ်​​ပေးမယ်​လို့ကတိ​ပေးခဲ့​ပေမဲ့ ​အဓိက​ပေးခဲ့တဲ့ကတိက မားတို့ရဲ့ဦးဦးဖျားဖျား​မွေးတဲ့သားဦး
ခ​လေးနဲ့လက်​ထပ်​​ပေးပါမယ်​ဆိုတဲ့ကတိပဲ...​Kitလေးရဲ့မားနဲ့ အမြဲတမ်းစ​နောက်​ပီး​ပြောခဲ့ကြတာက တို့သားဦးခ​လေး​လေး​တွေ​မွေးရင်​ လက်​ထပ်​​ပေးကြမယ်​​ပေါ့...ခုသူမရှိ​တော့ဘူးဆို​ပေမဲ့ သူနဲ့​ပေးခဲ့တဲ့ကတိ​လေးကို​တော့မားဖစ်​​အောင်​လုပ်​​ပေးချင်​တယ်​..."

နေပါဦး...သားဦးခ​လေး...ဒါ...ဒါဆို...ကျွန်​​တော်​​ပေါ့...Pနဲ့ လက်​ထပ်​​ပေးမဲ့သူကအငယ်​မမဟုတ်​ပဲ ကျွန်​...ကျွန်​​တော်​လား...

#Ming's Mom: "အဲ့​တော့ Kit​လေးနဲ့သားMing နဲ့ကို မားတို့လက်​ထပ်​​ပေးချင်​တယ်​...သားတို့သ​ဘောထား
ကိုလည်းအ​လေးထား​ပေမဲ့ ငြင်း​တော့မငြင်း​စေချင်​ဘူး..."

အိုး...ကျွန်​​တော်​ကဒီကမ္ဘာ​ပေါ်မှာ ကံအ​ကောင်းဆုံး
လူသားဖစ်​သွားပီဗျာ...Pကိုပိုင်​ဆိုင်​ရမဲ့သူက ကျွန်​​တော်​တဲ့... ကတိစကားထားခဲ့တဲ့မားတို့ကိုသာ အခါခါထိုင်​ကန်​​တော့ချင်​မိတယ်​ဗျာ...ကျွန်​​တော့်​ရဲ့မျက်​နှာလည်းခုဆို ပြုံးဖြီးဖြီးနဲ့ ပါးစပ်​​တောင်​စိ​နေ​သေးရဲ့လားဆိုတာ​တောင်​မသိ​တော့ပါဘူး...မားကမငြင်း​စေချင်​ဘူးတဲ့​လေ...မငြင်း
တဲ့အပြင်​ ဝမ်း​မြောက်​ဝမ်းသာနဲ့ကိုလက်​ခံမှာပါမား
လို့သာပြန်​​ဖြေလိုက်​ချင်​မိတယ်​...

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း❤Where stories live. Discover now