သူသင်ပေးခဲ့တဲ့အချစ်အကြောင်း
Part.20
#Ming's View
ကျွန်တော်မနက်နိုးလာတော့ P'Kitကိုဖက်ရက်သားနဲ့အိပ်ပျော်နေတာကိုသတိထားမိလိုက်တယ်...Pကလည်းကျွန်တော့်ကိုပြန်ဖက်ထားတယ်ဗျ...မနက်နိုးနိုးချင်းကျွန်တော့်ရဲ့ပါးစပ်ကြီးကလည်း စိမရနိုင်အောင်ပြုံးဖြီးနေတော့တာပေါ့ဗျာ...မနက်စောစောမှာတောင် Pရဲ့မျက်နှာလေးက ချစ်ဖို့ကောင်းနေတယ်ဗျ...ကျွန်တော် ငေးကောင်းကောင်းနဲ့ Pရဲ့မျက်နှာလေးကိုငေးနေတုန်း Pနိုးလာတော့ကျွန်တော်ပြန်အိပ်ချင်ယောင်ဆောင်နေလိုက်မိတယ်...
ကျွန်တော့်မျက်နှာကိုခနလောက်ငေးကြည့်ပီးတာနဲ့ Pကကျွန်တော်ဖက်ထားတာတဲ့လက်ကိုဖယ်ဖို့ကြိုးစားတော့တာပဲ...သူ့ခမျာဖယ်ကလည်းဖယ်ချင် ကျွန်တော်နိုးမှာလည်းကြောက်နဲ့ဖစ်နေတဲ့ပုံလေးကတကယ် အသဲယားဖို့ကောင်းလွန်းတယ်...ကျွန်တော်လည်းစချင်တာနဲ့ သူကျွန်တော့်လက်ကိုဖယ်ဖို့ကြိုးစားလိုက်တိုင်း သူ့ကိုတင်းနေအောင် ပြန်ပြန်ဖက်ထားလိုက်တယ်...ကျွန်တော်ဖက်လိုက်ရင် ကျွန်တော်နိုးသွားမှာစိုးလို့မလှုပ်ပဲငြိမ်ငြိမ်သွားလိုက် မနိုးဘူးဆိုတာသေချာမှပြန်ဖယ်လိုက်လုပ်နေတဲ့ပုံလေးကိုသနားလို့ နောက်ဆုံးကျွန်တော်ပဲအလျော့ပေးပီးစနေတာကိုရပ်လိုက်တော့တယ်...
ကျွန်တော် ဖက်ထားတဲ့လက်ကိုဖယ်ပီးတာနဲ့ရေချိုးခန်းဆီကိုကိုယ်ဖော့ပီးတလှမ်းချင်းထွက်သွားတော့တယ်လေ...Pရေချိုးခန်းထဲဝင်သွားပီဆိုတာသေချာတော့မှ ကျွန်တော်လည်း အိပ်နေရာကထထိုင်ပီး ရီမိတော့တယ်... ခုနထဲကရီချင်နေတာကိုမနည်းထိန်းထားရတာ...တကယ်ပါ ကျွန်တော့်ရဲ့ Pပိစိလေးဟာလေ ဘာလေးမှန်းမသိအောင် ချစ်ဖို့ကောင်းလွန်းတာပါ...
ရေချိုးခန်းထဲဝင်သွားတာတော်တော်ကြာတဲ့အထိ ထွက်မလာတော့ ကျွန်တော်တံခါးခေါက်ပီးခေါ်လိုက်မိတယ်... ရေချိုးတာအရမ်းကြာနေပီဆိုတော့ နေမကောင်းဖစ်မှာစိုးလို့ပါ...ကျွန်တော်ခေါ်မှာပဲ ရေချိုးခန်းထဲကထွက်လာတော့တယ်လေ...လူပိစိလေးမှာbathrobe ကြီးတကားကားနဲ့ ပီးတော့ခေါင်းကလည်းရေတွေစိုနေသေးတယ်...
YOU ARE READING
သူသင်ပေးခဲ့တဲ့အချစ်အကြောင်း❤
Fanfictionပထမဆုံးရေးတဲ့ ficလေးမို့ အဆင်မပြေတာရှိရင်နားလည်ပေးကြပါနော်😁