Part.2

1.7K 108 2
                                    

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း

Part.2

#Ming's view

ဒီ​နေ့မိုးလင်းထဲကတစ်​အိမ်​လုံးအလုပ်​​တွေရှုပ်​​နေကြတယ်​... ဘာ​​တွေလုပ်​​နေကြမှန်းကိုမသိဘူး...ကျွန်​​တော့်​​ဘေးကပ်​ရပ်​အခန်းကိုလည်းသန့်​ရှင်း​ရေး​တွေလုပ်​ အိပ်​ရာခင်း​တွေလဲပီး တ​ယောက်​​ယောက်​​အဆင်​သင့်​​နေလို့ရ​လောက်​တဲ့ပုံစံအထိကိုပြင်​ဆင်​ထားတာ...

ကျွန်​​တော်​တို့အိမ်ပုံစံကိုအရင်​​ပြောပြရမယ်​ဆိုရင်​ အိမ်​က၂ထပ်​တိုက်​​လေးကို အ​ဖေကိုယ်​တိုင်​ဒီဇိုင်းဆွဲပီး​ဆောက်​ထားတာ​လေ...ပုံမှန်​၂ထပ်​တိုက်​​တွေနဲ့မတူတာက အိမ်​အလုံးကြီး၂ထပ်​တိုက်​ရဲ့​ဘေးမှာ တထပ်​တိုက်​ပု​လေးတွဲရက်​ပုံစံ​လေးပါ​ထဲ့​ဆောက်​ထားတာ...ကျွန်​​တော်​ အင်​ဂျင်​နီယာဖစ်​ချင်​တာ အ​ဖေ့ရဲ့​သွေးပါလို့ပဲဆိုပါ​တော့...

အိမ်​အ​ကြောင်းဆက်​​ပြောရရင်​ ​အောက်​ထပ်​မှာ ဧည့်​ခန်း မီးဖိုခန်းအပြင်​ အိပ်​ခန်း၂ခန်းရှိတာမှာ အခန်းကြီးက​တော့ ပါးနဲ့မား​နေတယ်​...အခန်း​သေးက​တော့ကျွန်​​တော်​တို့နဲ့​ဆွေမျိုးနီးစပ်​​တော်​တဲ့အိမ်​အကူအန်​တီကြီး​နေတယ်​...အ​ပေါ်ထပ်​မှာ​တော့ ဘုရားခန်းရယ်​ ဧည့်​ခန်းအ​သေး​လေးတခုရယ်​ အိပ်​ခန်း၎ခန်းရယ်​ရှိတယ်​...ညီ​လေးနဲ့ညီမ​လေးကအိပ်​ခန်းတခန်းစီ​နေပီး ၂ခန်းက​တော့ဧည့်​သည်​လာရင်​တည်းတဲ့အလွတ်​​ပေါ့...

ကျွန်​​တော်​က​တော့ ခုန​ပြောခဲ့တဲ့ တွဲရက်​​ဆောက်​ထားတဲ့တထပ်​တိုက်​ပု​လေးမှာ​နေတာ​လေ...ကျွန်​​တော့်​ဘက်​တိုက်​ပု​လေးမှာ ဧည့်​ခန်း​ပုံစံ​လေးတခုရယ်​...ဧည့်​ခန်းဆိုတာထပ်​​သေချာ​ပြောရရင်ဂိမ်းစက်​​တွေဆင်​ထားတဲ့ ကျွန်​​တော်​ဂိမ်း​ဆော့တဲ့​နေရာ​ပေါ့...
အိပ်​ခန်းက​တော့၂ခန်းပါတယ်​...တခန်းကကျွန်​​တော်​​နေပီး ​နောက်​တခန်းက​တော့ ဒီတိုင်း ပိတ်ထားတာကြာလှပီ...ဧည့်​သည်​လာရင်​လည်း၂ထပ်​တိုက်​ဖက်​မှာပဲ​တည်းခိုင်းတာ​လေ...ဟိုဘက်​၂ထပ်​တိုက်​နဲ့ကျွန်​​တော့်​တိုက်​ပု​လေးကြားထဲမှာ ဟိုဘက်​ဒီဘက်​သွားရလွယ်​​အောင်​တံခါးတစ်​ချပ်​တော့ထားထားတယ်​...

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း❤Where stories live. Discover now