Part.8

1.3K 112 3
                                    

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း

Part.8

#Kit's View

ဟိုအ​ချေ​လေးကို မှာစရာရှိတာမှာခဲ့ပီးအခန်းထဲကို တန်းဝင်​လာခဲ့လိုက်​​တော့တယ်​...နက်​ဖန်​သူနဲ့တူတူသွားရမှာဆို​တော့ ဘာ​တွေထပ်​ပီးစိတ်​ရှုပ်​ရဦးမလဲမသိဘူးလို့​တွေး​နေရင်းနဲ့ပဲ ကျွန်​​တော်​အိပ်​​ပျော်​သွား​တော့​တယ်​...

နောက်​​တနေ့ည​နေ...

ည​နေ၄နာရီထိုးခါနီးမှာပဲကျွန်​​တော်​သွားဖို့အဆင်​သင့်​ဖစ်​​နေပီမို့ အခန်းထဲကထွက်​လာခဲ့တယ်​... မ​ထွက်​လာ​သေးတာ​ကြောင့်​ဧည့်​ခန်းမှာထိုင်​​စောင့်​ရင်းခနကြာ​တော့သူထွက်​လာ​တော့တယ်​...

အိုး...ပြင်​ဆင်​ထားတာများ ဘယ်​သူသူ့ကိုမကြည့်​မှာ
စိုးလို့လည်းမသိဘူး...မင်းသားရှုံး​လောက်​တယ်​...ကျွန်​​တော်​က​တော့ တီရှပ်​အဖြူတထည်​နဲ့ဂျင်းပန်​တထည်​ရိုးရိုးရှင်းရှင်းဝတ်​ထား​ပေးမဲ့ သူက​တော့​ ရှပ်​အဖြူ​ပေါ်မှာ​ကုတ်​အနက်​ကိုဝတ်​ထားပီး ​အောက်​က​ဘောင်းဘီအနက်ေ​ရာင်​ကအပြဲ​တွေနဲ့​လေ...လက်​မှာလည်း လက်​စွပ်​​တွေကပါ​သေး...နားကပ်​တန်းလန်း​လေးတဖက်​လည်းဝတ်​ထား​သေးတယ်​...

ကျွန်​​တော်​​ငေးကြည့်​​နေတာကိုသူ​တွေ့ပီး မျက်​နှာကိုလက်​နဲ့ပွတ်​လိုက်​ အကျီင်္​တွေကိုဆွဲကြည့်​လိုက်​ ​ဘောင်းဘီကို
ငုံ့ကြည့်​လိုက်​နဲ့ သူ့ကိုယ်​သူပတ်​ချာလည်​​အောင်​ကြည့်​​နေ​တော့တယ်​...ကျွန်​​တော်​သတိလက်​လွတ်​​ငေးကြည့်​​နေပီးမှ ​ယောက်​ယက်​ခတ်​​နေတဲ့သူ့ကိုကြည့်​ပီး သတိပြန်​ဝင်​လာ
ပီးအကြည့်​ကိုကမန်းကတန်း လွှဲလိုက်​ရတယ်​...​တော်​ကြာ
နဂိုထဲကမှ အ​ချေဘဝင်​မြင့်​​နေတာပါဆို...သူ​ချောလွန်း
လို့ကျွန်​​တော်​​ငေးကြည့်​​နေပါတယ်​ဆိုပီး ပို​ချေ​နေဦးမယ်​...

ဒါ​ပေမဲ့ မျက်​ခုံးတန်းတန်း​လေး​တွေ မျက်​လုံးဆွဲဆွဲ​လေး​တွေ နှာတံချွန်​ချွန်​​လေးနဲ့ နှုတ်​ခမ်းပါးပါး​လေး​တွေ​ပိုင်ဆိုင်​​​ထားတဲ့မျက်​နှာနဲ့ အရပ်​မြင့်​မြင့်​သွယ်​သွယ်​ခန္ဓာကိုယ်
ပေါင်းစပ်​ထားတဲ့သူက  ​ယောကျာ်းပီသပီး​ချောလွန်း​တယ်​ဆိုတာကို​တော့ ကျွန်​​တော့်​လက်​ခံလိုက်​မိတယ်​...

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း❤Where stories live. Discover now