သူသင်ပေးခဲ့တဲ့အချစ်အကြောင်း
Part.10
#Ming's View
ဘာလိုလိုနဲ့ကျွန်တော်တို့ကျောင်းတွေတောင်ဖွင့်ပီလေ...ကျွန်တော်လည်း အင်ဂျင်နီယာဋ္ဌာနမှာပထမနှစ်စတတ်သလို Pပိစိလည်း ဆေးဋ္ဌာနမှာကျောင်းတတ်နေပီမို့ အရင်လိုအိမ်မှာနေသလိုတော့ တွေ့ရတဲ့အချိန်မများတော့ဘူးပေါ့...ကျောင်းကပြန်ရင်လည်း ကျွန်တော်ကသိတဲ့အတိုင်းခြေဗွေပါတဲ့သူဆိုတော့ အိမ်ကိုနောက်ကျမှပဲပြန်ရောက်တာများတယ်...ကျွန်တော်ပြန်ရောက်တဲ့အချိန်ဆိုရင် သူ့ကိုမတွေ့ရတာကများပါတယ်...သူက အခန်းထဲစောစောဝင်တတ်သလို အခန်းထဲမှာပဲအနေများတယ်လေ...တခါတလေ ကျွန်တော်စောစောပြန်လာတဲ့နေ့မျိုးတွေမှာတောင်မှ တခါတလေပဲတွေ့ရတာ...
သူကစာတော်သလိုစာလည်းအရမ်းကြိုးစားတော့
ကျောင်းစတတ်တဲ့နေ့ကစပီး စာလေ့လာတာနဲ့ပဲ
အချိန်ကုန်နေတတ်တာလေ...အရီအပြုံးနည်းတဲ့အဲ့အေးတိအေးစက်လေးက ကျွန်တော်နဲ့ဆိုရင်ပိုပီးတောင်သွေးအေးလွန်းသလိုပဲ...ဒါပေမဲ့သူ့သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူကတခြားတယောက်ပြောင်းသွားတယ်လို့ထင်ရလောက်အောင်ကို တတ်ကြွပြုံးရွှင်နေတတ်တာ...အထူးသဖြင့်Beam ဆိုတဲ့တယောက်နဲ့ဆိုရင် အမြဲတမ်းရီနေတတ်တယ်...ကျွန်တော်အဲ့တယောက်ကိုတောင်အားကျသလိုဖစ်လာမိတယ်ဗျ...အရာရာပြည့်စုံနေတဲ့ ကျွန်တော့်ဘဝမှာ သူများကိုအားကျမိတယ်ဆိုတာ ဒါပထမဆုံးအကြိမ်ပဲ...ကျွန်တော်လည်း သူ့ရဲ့အပြုံးတွေကိုဖန်တီးပေးနိုင်တဲ့သူ ဖစ်ချင်မိတယ်...ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ သူကကျွန်တော့်ရဲ့စိတ်ထဲမှာ နေရာယူပီးနေပီလေ...ဒါပေမဲ့ အဲ့တာကိုသူသိအောင် ဖွင့်ပြောဖို့ သူမြင်အောင်ပြဖို့ အစီစဉ်တော့ကျွန်တော့်မှာမရှိဘူး...ဘာလို့လည်းဆိုတော့ ကျွန်တော့်ရဲ့မာနတွေက ကိုယ့်ကိုမပတ်သတ်ချင်တဲ့သူကို အတင်းသွားရောရလောက်အောင်ခွင့်မပြုဘူးလေ...
အဲ့ဒီတော့ ကျွန်တော့်ရဲ့စိတ်တွေကို အသားကျနေတဲ့ကျွန်တော့်ရဲ့ဘဝနေထိုင်မှုပုံစံထဲမှာပဲ နှစ်ထားလိုက်မိတော့တယ်....
YOU ARE READING
သူသင်ပေးခဲ့တဲ့အချစ်အကြောင်း❤
Fanfictionပထမဆုံးရေးတဲ့ ficလေးမို့ အဆင်မပြေတာရှိရင်နားလည်ပေးကြပါနော်😁