Part.23

1.5K 107 19
                                    

သူသင်​​ပေးခဲ့တဲ့အချစ်​​အ​ကြောင်း

Part.23

#Kit's View

ကျွန်​​တော်​တို့ရဲ့ဟန်းနီးမွန်းမှာအရမ်း​ပျော်​ခဲ့ရသလို Mingကျွန်​​တော့်​ကိုဘယ်​​လောက်​အ​လေးထားပီး ချစ်​တယ်​ဆိုတာကိုလည်းသိခဲ့ရလို့ ​ကျေနပ်​​နေမိတယ်​...သူ့လို ​ကောင်​မ​လေး​တွေထည်​လဲတွဲ​နေတဲ့သူက ​အဲ့​လောက်​​လေး​လေးနက်​နက်​ချစ်​တတ်​မယ်​လို့လဲ မထင်​ခဲ့မိဘူး​လေ...ဒါ​ပေမဲ့ အခု​တော့ သူ့ရဲ့အချစ်​​တွေကို ကျွန်​​တော်​ယုံကြည်​မိ​နေပီ...

ဟန်းနီးမွန်းကပြန်​လာပီး သိပ်​မကြာခင်​မှာပဲ ကျွန်​​တော်​တို့၂​ယောက်​​နေရမဲ့အိမ်​​လေးက ပီးသွားပီမို့ အဲ့အိမ်​မှာပဲ​ပြောင်း​နေဖို့ဆုံးဖြတ်​လိုက်​ကြတယ်​...

ဒီ​နေ့ကအဲ့ဒီအိမ်​​လေးကို​ပြောင်းလာတဲ့ပထမဆုံး​နေ့​ဆို​ပေမဲ့ တခြားပစ္စည်း​တွေက အဆင်​သင့်​​နေရာချပီးသားမို့ ကိုယ့်​ရဲ့အသုံး​ဆောင်​ပစ္စည်း​တွေကိုပဲ​နေရာချဖို့လို​တော့တယ်​​လေ...

အခန်းလား....တ​ယောက်​တခန်းခွဲအိပ်​မယ်​လို့်​ထင်​​နေတာလား...မထင်​ပါနဲ့ဗျာ....အိမ်​မ​ပြောင်းခင်​ထဲက Mingကတဂျီဂျီနဲ့ အိမ်​​ပြောင်းပီးရင်​ အခန်းခွဲမအိပ်​နိုင်​ဘူး​နော်​ဆိုတာကြီးပဲ​ပြော​နေ​တော့တာ​လေ...ခုလည်းကြည့်​ ကျွန်​​တော့်​ရဲ့အသုံး​ဆောင်​ပစ္စည်း​တွေနဲ့ သူ့ရဲ့အသုံး​ဆောင်​ပစ္စည်း​တွေကို အသဲသန်​​တွေတခန်းထဲမှာ ​နေရာချ​နေ​လေရဲ့​လေ....

ဘယ်​သူကသူနဲ့အခန်းခွဲအိပ်​မယ်​​ပြော​နေလို့လဲ မသိပါဘူး...ကျွန်​​တော်​က​ရော သူနဲ့အခန်းခွဲပီးအိပ်​နိုင်​မယ်​ ထင်​​နေတာလားပဲ...ဟင့်​အင်း...မအိပ်​နိုင်​ပါဘူး....သူ့ရင်​ခွင်​​နွေး​နွေးထဲမှာအိပ်​ရတာကို ကျွန်​​တော်​အသားကျ​နေပီ​လေ....ဒါ​ပေမဲ့ အဲ့တာကိုသူသိ​အောင်​​တော့ မ​ပြောပြချင်​​သေးပါဘူး...

ကိုယ့်​အ​တွေးနဲ့ကိုယ်​ငြိမ်​​နေတုန်း....

#Ming: "P'...ကျွန်​​တော်​ပစ္စည်း​တွေ​နေရာချလို့ပီး​တော့မယ်​....P ကျွန်​​တော်​နဲ့ဒီအခန်းထဲမှာပဲ တူတူအိပ်​ရမှာ​နော်​..."

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း❤Where stories live. Discover now