Part.4

1.3K 93 5
                                    

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း

Part.4

#Ming's View

ပါးခိုင်းလို့သာ​လေဆိပ်​ကိုထွက်​လာရတယ်​...ကြိုရမဲ့သူကို ကျွန်​​တော်​တခါမှလည်းမမြင်​ဖူးဘူးရယ်​...ခုကျွန်​​တော်​ဘာလုပ်​​နေရတယ်​မှတ်​လဲ...နာမည်​​ရေးထားတဲ့စာရွက်​ကြီးကိုကိုင်​ပီး ဟိုလူမြင်​​အောင်​​ထောင်​ပြလိုက်​ ဒီလူမြင်​​အောင်​​မြှောက်​ပြလိုက်​လုပ်​​နေရတယ်​​လေ...ဘယ်​သူ
များဖစ်​မလဲဆိုပီး​တောင်​ကြည့်​​မြောက်​ကြည့်​နဲ့...စဉ်းစားကြည့်​ကြပါဦးဗျာ...ကျွန်​​တော့လိုခပ်​​ချော​ချောခပ်​မိုက်​မိုက်​​ကောင်​​လေးက ​လေဆိပ်​မှာ​ယောင်​ချာချာဖစ်​​နေတာ...ဘယ်​​လောက်​ရှိုးပဲ့လဲ...အဲ့လာမဲ့လူကို​တော့ မ​တွေ့ခင်​ထဲက​တော်​​တော်​စိတ်​တို​နေမိတယ်​...

ဟိုကြည့်​ဒီကြည့်​လုပ်​ရင်း မျက်​လုံးထဲဝင်​လာတာက လူတ​ယောက်​...​ကောင်​​လေး​သေး​သေး​လေးတ​ယောက်​ဆိုပိုမှန်​လိမ့်​မယ်​...ကျွန်​​တော့်​ထပ်​အရပ်​ပုလို့​သေး​သေး​လေးလို့​ပြောတာပါ...​ယောကျာ်း​လေးတန်​မဲ့အသားအရည်​​လေးက​ဖွေးဥကြည်​လင်​ပီး မျက်​လုံးဝိုင်းဝိုင်း​လေး နှာ​ခေါင်း​လေးကအရမ်းမချွန်​မလုံး​လေး နှုတ်​ခမ်းဖူးဖူး​စူစူလေးက
ပန်း​သွေး​ရောင်​ရဲလို့ ပါး​လေး​တွေက​သွေး​ကြော​လေး​တွေကို​တောင်​​ဖောက်​မြင်​​နေရတယ်​...ကျွန်​​တော့်​ကိုအဆွဲ​ဆောင်​နိုင်​ဆုံးက​တော့ မရီမပြုံးပဲခပ်​တည်​တည်​​လေး​နေ​နေတာ​တောင်​ထင်း​နေတဲ့ သူ့ရဲ့ပါး​ပေါ်ကပါးချိုင့်​​လေး...အတိုချုံး​ပြောရမယ်​ဆိုရင်​ မိန်းခ​လေး​တွေထပ်​​တောင်​နုဖတ်​လှပ​နေတဲ့​ကောင်​​လေး​သေး​သေး​လေး...

ဟမ်​...ကျွန်​​တော်​ဘာ​တွေ​တွေး​နေမိပါလိမ့်​...
ဘယ်​တုန်းကမှ ဘယ်​​ယောကျာ်း​လေးကိုမှအခုလိုအ​သေးစိတ်​မခံစားဖူးပါဘူး...ခုကြမှဘာ​တွေ​လျှောက်​​တွေး​နေမှန်းမသိဘူး...ကျွန်​​တော်​လည်း လာမဲ့သူကိုစိတ်​တို​နေတာနဲ့ စိတ်​​တွေ​တောင်​ ကစဉ့်​ကလျားဖစ်​​နေပါပီ...
ကျွန်​​တော်​ကိုယ့်​အ​တွေးနဲ့ကိုယ်​​ခေါင်းခါပီး​မော့ကြည့်​လိုက်​​တော့...ခုန​ကောင်​​လေးက ကျွန်​​တော့်​​ရှေ့မှာမတ်​တပ်​ရပ်​ပီး ကိုင်​ထားတဲ့စာရွက်​ကိုလက်​ညှိုးထိုးပြ​နေတယ်​...
ဒါဆိုသူက......

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း❤Where stories live. Discover now