သူသင်ပေးခဲ့တဲ့အချစ်အကြောင်း
Part.13
#Kit's View
ဒီနေ့ပါးရောက်လာမယ်ဆိုလို့ကျောင်းကပြန်တာနဲ့ အိမ်ကိုပဲတန်းပြန်လာခဲ့လိုက်တယ်...ဒါတောင်မှ ဟိုMing
ဆိုတဲ့တျောက်က ဟိုသွားမယ်ဒါစားမယ် လုပ်နေသေး
တယ်...ကျွန်တော့်ကားကပျက်နေလို့ သူ့ကားလေးလိုက်စီးတာ၃ရက်ပဲရှိသေးတယ်...သူ့ရဲ့ဟိုသွားချင်ဒါစားချင် အကြောင်းကိစ္စတွေကိုငြင်းရတာကအလုပ်တလုပ်...တနေ့တနေ့မရိုးနိုင်တဲ့အကြောင်းပြချက်တွေကို ဘယ်ကဘယ်လိုရှာလာလဲမသိပါဘူးဗျာ...သူ့ကားလေးတခါတလေ လိုက်စီးမိပါတယ် သူ့ကားစီးလို့ဘာကျွေးရမယ်ညာကျွေးရမယ်ကပါသေး...နောက်တခါအဲ့ဆိုင်သွားရင် Pကော်ဖီတော့ လုံးဝမသောက်ရတော့ဘူးနော် ဆိုတာကပါသေး...ဘယ်သူကသူနဲ့နောက်တခေါက်ထပ်သွားမယ် ပြောလို့လဲ...ခုလည်းကြည့်လေ...အိမ်ပြန်တဲ့လမ်းတလျှောက်လုံး ပေါက်ပေါက်ဖောက်နေတာ...သူ့ကိုအဲ့လောက်စကားများလိမ့်မယ်လို့ကိုမထင်ခဲ့မိတာ...ဟူး...ကားပျက်တဲ့အချိန်လေးပဲ သည်းခံKit...သည်းခံ....
#Ming: "P'Kit..."
ခေါ်ပြန်ပီ...သူP'Kit ဆိုကျွန်တော့ဘာတွေ
နားညီးမလဲဆိုပီးလန့်နေပီရယ်...#Kit: "အင်းပြော..."
#Ming: "မနက်ဖန်ကျောင်းပိတ်တယ်နော်..."
#Kit: "အင်းလေ...ပုံမှန်လည်းweek end days တွေကျောင်းပိတ်နေကြပဲဟာ...ဘာထူးဆန်းလို့လဲ..."
#Ming: "ကျောင်းပိတ်ရက်မှာ Pနဲ့ကျွန်တော်အပြင်သွားကြရအောင်...Pလည်းဒီရောက်ထဲက အပြင်ကိုသေချာထွက်မလည်ဖစ်သေးဘူးမှလား..."
လာပြန်ပီ နောက်တမျိုး...ဒီကောင်လေး တကယ်တကယ် တနေ့တမျိုးမရိုးရဘူး...ငြင်းရလွန်းလို့လည်း ငြင်းရတဲ့သူတောင်အားနာနေပီ...သူကတော့ အားနာရကောင်းမှန်းကို မသိတာ...မတတ်နိုင်ဘူးဆက်ငြင်းရမှာပဲ...သူကျွန်တော့်ကို တကယ့်စိတ်ရင်းနဲ့ဒီလိုဆက်ဆံနေတယ်ဆိုတာကို မယုံနိုင်သေးဘူးရယ်...
YOU ARE READING
သူသင်ပေးခဲ့တဲ့အချစ်အကြောင်း❤
Fanfictionပထမဆုံးရေးတဲ့ ficလေးမို့ အဆင်မပြေတာရှိရင်နားလည်ပေးကြပါနော်😁