သူသင်ပေးခဲ့တဲ့အချစ်အကြောင်း
Part.7
#Kit's View
ဘာလိုလိုနဲ့ဒီအိမ်ရောက်တာတောင်တပတ်ပြည့်တော့မှာပါလား...တအိမ်သားလုံးက ကျွန်တော့်အပေါ်လည်း လိုလေသေးမရှိဂရုစိုက်ကြပါတယ်...ဟိုချေတေတေတျောက်ကလွဲရင်ပေါ့...သူကအိမ်ကပ်လေ့သိပ်မရှိတော့ကျွန်တော်သူနဲ့မျက်နှာချင်းဆိုင်တွေ့တယ်ဆိုတလည်း ရှားပါတယ်...
ကျောင်းပြောင်းဖို့လုပ်နေတဲ့ဟို၂ကောင်လည်း စာမလာ သတင်းမကြား...အဆင်မှပြေကြရဲ့လားမသိဘူး ဖုန်းလေးဘာလေးလှမ်းဆက်ဦးမှပါ...Phaဆီခေါ်ရင် အကျိုးကြောင်းပိုသေချာသိရမယ်ထင်တယ်...ဟိုအတီးဆီဆိုရင် ကျွန်တော့်ကိုသူအရင်စနေချွှဲနေတာနဲ့ မေးဖစ်မှာကိုမဟုတ်ဘူး...Phaဖုန်းကိုခေါ်လိုက်တော့...
#Pha: "Hello Kit..."
#Kit: "Hello Pha...မင်းတို့ကျောင်းပြောင်းဖို့်လုပ်နေတဲ့ကိစ္စအဆင်ပြေရဲ့လားလို့လှမ်းမေးတာ..."
#Pha: "မဟုတ်တောင် ငါလည်းမင်းဆီ ဒီညဖုန်းလှမ်းဆက်မလို့ပဲ...ကျောင်းပြောင်းတဲ့ကိစ္စအားလုံးစီစဉ်ပီးပီ...အဲ့ဒီမှာနေဖို့အတွက်ကျောင်းကအဆောင်ကိုလည်း တခါတည်းချိတ်ပီးပီ...ကျောင်းဖွင့်ဖို့ကလည်း၂ရက်လောက်ပဲလိုတာဆိုတော့ငါတို့်မနက်ဖန်flightနဲ့လာတော့မလို့..."
#Kit: "Wowတကယ်လား...ကောင်းတာပေါ့ ငါလည်း တနေ့တနေ့အိမ်ထဲမှာကြီးပဲ အဖော်လည်းမရှိတော့အပြင်မထွက်ဖစ်ပါဘူးကွာ...မင်းတို့လာမယ်ဆိုတော့ ငါလည်း အဖော်ရပီပေါ့..."
#Pha: "ဒါနဲ့ငါတို့နက်ဖန်ညနေ၅နာရီလောက်ရောက်မယ်ထင်တယ်...မင်းလာကြိုမှာလား..."
#Kit: "Okayလေ ငါလာကြိုမယ်...C yaa Tmr..."
#Pha: "See U Kit..."
Phaနဲ့ဖုန်းပြောပီးစိတ်ထဲမှာ ပျော်သလို ခံစားလိုက်ရတယ် သူတို့၂ယောက်နဲ့တူတူကျောင်းတတ်ရရင် ဘာပဲဖစ်ဖစ်ကျွန်တော် မသိတဲ့သူတွေကြားမှာသိပ်အနေမကြပ်ရတော့ဘူးပေါ့...
YOU ARE READING
သူသင်ပေးခဲ့တဲ့အချစ်အကြောင်း❤
Fanfictionပထမဆုံးရေးတဲ့ ficလေးမို့ အဆင်မပြေတာရှိရင်နားလည်ပေးကြပါနော်😁