သူသင်ပေးခဲ့တဲ့အချစ်အကြောင်း
Part.6
#Kit's View
ခရီးပန်းပီးအိပ်ပျော်သွားလိုက်တာအခုမှပဲနိုးတော့တယ်... ဖုန်းကိုလှမ်းယူပီးနာရီကြည့်လိုက်တော့...
#Kit: "အိုး...၅နာရီတောင်ထိုးနေပီပဲ...ရေလေးဘာလေးထချိုးဦးမှပါ..."
Kitခရီးဆောင်အိတ်ကိုဖွင့်တဘက်ကိုထုတ်ပီးရေချိုးခန်း
ထဲဝင်လာခဲ့တယ်...ခေါင်းလျှော်ရေချိုးပီးမှပဲ လူရောစိတ်ရောလန်းဆန်းသွားသလိုခံစားရတော့တယ်...ရေချိုးခန်း
ထဲကထွက် ခရီးဆောင်အိတ်ထဲကနေအကျီင်္အဖြူနဲ့
ဘောင်းဘီတိုလေးတထည်ကိုဆွဲထုတ်ပီးဝတ်လိုက်တယ်...အကျီင်္တွေကိုတော့ညမှပဲ အဝတ်ဗီဒိုထဲထဲ့ပါတော့မယ်လေ...ခုတော့အခန်းပြင်လေးထွက်ပီး အိမ်ရှင်တွေကိုမျက်နှာပြလိုက်ပါဦးမယ်...အကျီင်္ဝတ်ပီး ခေါင်းရေသုတ်ဖို့မစဉ်းစားပဲအခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်...ကျွန်တော်က ခေါင်းသုတ်ရတာကိုတော်တော်ပျင်းတာလေ...
အခန်းပြင်ကိုရောက်တော့ဘာမဆိုင်ညာမဆိုင် ဟိုအကြောတင်းလေးရဲ့အခန်းဘက်ကိုလှည့်ကြည့်လိုက်မိသေးတယ်...ဟိုဘက်တိုက်ကြီးဘက်ကိုမကူးခင် ဖြတ်လာရတဲ့ဧည့်ခန်းလေးမှာဂိမ်းစက်တွေနဲ့ပွစိတတ်နေတာမို့ ရှုပ်ပွနေတာမြင်ရင်မနေတတ်တဲ့စိတ်လေးကထကြွလာတော့တယ်...
၂ထပ်တိုက်ဘက်သွားမဲ့ခြေလှမ်းတွေကို ဧည့်ခန်းဘက်လှည့်ပီး ရှုပ်ပွနေတာကိုစတင်ပီး ရှင်းမိတော့တယ်...ရှင်းရင်းနဲ့၃ပုံ၂ပုံလောက်လည်းပီးရော နောက်ကနေထွက်လာတဲ့အသံက...
#Ming: "အဲ့တာတွေခင်ဗျားလုပ်စရာမလိုပါဘူး...
အိမ်မှာဒါတွေကိုရှင်းနိင်တဲ့အလုပ်သမားတွေ အများကြီးရှိတယ်...ကိုယ့်အလုပ်ပဲကိုယ်လုပ်ပါ...အပိုတွေမလုပ်ပါနဲ့..."အော်...လုပ်မိတာကိုယ့်အမှား...ကိုယ်ကိုယ်ကအလုပ်သမားဇာတာပါတာ...မြင်နေရရင်မနေနိုင်ပဲလုပ်မိတာ...
ခုတော့ အပိုလုပ်တယ်လို့တောင်အပြောခံလိုက်ရသေး... ဘယ်လိုတောင်စေတနာရှိချင်စရာမကောင်းတဲ့ဟာလေးလည်း...တော်ပီ သူနဲ့တော့မပတ်သတ်တာပဲ
ကောင်းတယ်...
YOU ARE READING
သူသင်ပေးခဲ့တဲ့အချစ်အကြောင်း❤
Fanfictionပထမဆုံးရေးတဲ့ ficလေးမို့ အဆင်မပြေတာရှိရင်နားလည်ပေးကြပါနော်😁