သူသင်ပေးခဲ့တဲ့အချစ်အကြောင်း
Part.9
#Kit's View
ကားထဲမှာ သူရောကျွန်တော်ရောဘာစကားမှမပြောဖစ်ကြပဲတိတ်ဆိတ်နေချိန်မှာပဲ သူသီချင်းထဖွင့်လိုက်တော့တယ်...သီချင်းသံကိုနားထောင်လိုက်တော့ ကျွန်တော်သဘောကျတဲ့ သီချင်းအေးအေးငြိမ့်ငြိမ့်လေး... ကျွန်တော်လည်း မျက်လုံးလေးမှိတ် ကျောလေးမှီပီးသီချင်းကို ခံစားနေလိုက်မိတယ်...မျက်လုံးမှိတ်ထားရင်း တစ်ယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားမှုမျိုးကိုခံစားလိုက်မိတယ်...
ဒီကားလေးထဲမှာရှိတာမှ၂ယောက်ထဲလေ...စိုက်ကြည့်နေသလိုခံစားရနေရတာဆိုတော့..........
အဲ့လိုတွေးလိုက်မိတော့မျက်လုံးဖွင့်ဖို့တောင် သတ္တိမရှိတော့သလိုပဲ...ဒါပေမဲ့ သိချင်စိတ်ကလည်းမျက်လုံးဖွင့်ကြည့်ဖို့ကို တွန်းအားပေးနေတော့ ကျွန်တော် သတ္တိမွေးပီးမျက်လုံးဖွင့်ကြည့်လိုက်မိတယ်...
ပထမဆုံး မြင်လိုက်ရတာက ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ မျက်ဝန်းတစုံ...ပြုံးယောင်သန်းနေတဲ့နှုတ်ခမ်းပါးပါးကော့ကော့လေး...ကျွန်တော်လည်းအံ့သြပီး သတိလက်လွတ်နဲ့ပြန်စိုက်ကြည့်နေမိတယ်...ကျွန်တော်ရဲ့အခုပုံက မျက်လုံးအဝိုင်းသား ပါးစပ်အဟောင်းသားဖစ်နေမယ်ဆိုတာမကြည့်ပဲနဲ့ကိုသိနေမိတယ်...သူကျွန်တော့်ကိုစိုက်ကြည့်နေလိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ထားဘူးလေ...
ကျွန်တော့်ရဲ့နှလုံးခုန်သံတွေကထူးဆန်းနေသလိုပဲ...
ပုံမှန်ထပ်ကိုအရမ်းမြန်လွန်းနေတယ်...ရင်ခုန်တယ်ဆိုတာ ဒီလိုခံစားမှုမျိုးလား...ဟင့်အင်း...ကျွန်တော်ကသူ့ကိုဘာလို့ရင်ခုန်ရမှာလဲ...သူ့ရဲ့ပုံစံကကျွန်တော်သဘောကျချင်စရာမှမရှိတာကို...ကျွန်တော်လန့်သွားလို့ နှလုံးခုန်သံတွေမြန်လာတာနေမှာပါ...ဟုတ်တယ်...ကျွန်တော်လန့်သွားလို့ပါ...
YOU ARE READING
သူသင်ပေးခဲ့တဲ့အချစ်အကြောင်း❤
Fanfictionပထမဆုံးရေးတဲ့ ficလေးမို့ အဆင်မပြေတာရှိရင်နားလည်ပေးကြပါနော်😁