Part.19

1.4K 117 12
                                    

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း

Part.19

#Ming's View

P'Kitအခန်းထဲကထွက်​သွား​ပီး ​တော်​​တော်​ကြာတဲ့ထိပြန်​မဝင်​လာ​တော့ ကျွန်​​တော်​လည်း မအိပ်​ပဲ စောင့်​​နေမိတယ်​...အခန်းပြင်​ထွက်​ပီး သွား​ခေါ်ဖို့ကြ​​တော့လည်း Pကိုစိတ်​ရှုပ်​​အောင်​လုပ်​သလိုဖစ်​မှာစိုးမိတယ်​...အခန်းထဲမှာ ဘယ်​​လျှောက်​လိုက်​ညာ​လျှောက်​လိုက်​နဲ့ ထိုင်​မရထမရဖစ်​​နေတုန်း မားလှမ်း​ခေါ်သံကြားလိုက်​ရတယ်​...အခန်းထဲက ထွက်​ချင်​​နေတာနဲ့ မား​ခေါ်တာအ​တော်​ပဲဆိုပီး ​ပြေးဆင်းခဲ့​တော့တယ်​...​အောက်​​ရောက်​​တော့ Pအိပ်​​ပျော်​​နေလို့ Pကိုချီပီးအခန်းထဲ​ခေါ်သွားလို့မားက​ပြောတာနဲ့ Pရဲ့ကိုယ်​လုံး ​သေး​သေးလုံးလုံး​လေး ကို​ပွေ့ချီပီး အခန်းထဲ​ခေါ်ခဲ့လိုက်​​တော့တယ်​...Pရဲ့ကိုယ်​သင်းနံ့​မွှေး​မွှေး​လေးနဲ့ Pကိုယ်​လုံးအိအိစက်​စက်​​လေးရဲ့အထိအ​တွေ့က ကျွန်​​တော့်​ကိုရူး​လောက်​​အောင်​ ပြုစားနိုင်​လွန်းတယ်​...ကျွန်​​တော့်​ရဲ့ Pက ခ​လေးစိတ်​မကုန်​​သေးတာပဲလား နို့နံ့ပဲမစဉ်​​သေးတာလားမသိဘူး Pဆီက​နေနို့နံ့သင်းသင်း​လေးရ​နေသလိုပဲ...(ustar milk lotionလိမ်းထားလို့ဘာအယ်​ကို😝)

ကိုယ့်​ကိုယ်​ကိုလည်းစိတ်​ထိန်းဖို့ ပြန်​ပီးသတိ​ပေးရ​သေးတယ်​...ကြာလာရင်​ စိတ်​​တွေမထိန်းနိုင်​ပဲ Pစိတ်​ဆိုး​အောင်​ကျွန်​​တော်​လုပ်​မိ​တော့မယ်​ထင်​တယ်​...ထိန်းချုပ်​​လေ ပိုထိန်းမရ​လေပဲ...ခုတင်​​ပေါ်ကို တင်​​ပေးပီး Pကိုကြည့်​ပီးအ​တွေး​တွေထဲ​မျောပီး စိတ်​ထိန်းဖို့ကြိုးစားရင်း ဆုံးဖြတ်​လိုက်​မိတာက...

ကျွန်​​တော်​ Pရဲ့နဖူး​လေးကိုပဲ ဖွဖွ​လေးနမ်းဖို့ပါ...
(ဘာမှမလုပ်​​တော့ဘူးလို့ဆုံးဖြတ်​တာများလားလို့😌)
ကျွန်​​တော်​နဖူး​လေးကိုမှမနမ်းရရင်​ ဘယ်​လိုမှစိတ်​​တွေတည်​ငြိမ်​​နိုင်​မှာမဟုတ်​ဘူးဆိုတာလည်း ကိုယ့်​ကိုယ်​ကို သိ​နေတယ်​...အဲ့တာနဲ့ ခုတင်​နားကိုကပ်​သွားပီး Pရဲ့နဖူး​လေးကိုနမ်းလိုက်​မိတယ်​...အစကဖွဖွ​လေးနမ်းဖို့ပဲ ရည်​ရွယ်​ထား​ပေမဲ့ Pရဲ့နဖူး​လေးနဲ့ကျွန်​​တော်​နှုတ်​ခမ်းထိလိုက်​တဲ့အချိန်​မှာ မရည်​ရွယ်​ပဲ စက္ကန့်​​တော်​​တော်​ကြာ​အောင်​ ဖိနမ်းလိုက်​မိတယ်​...ပီးမှ နိုးသွားမလားဆိုပီးစိုးရိမ်​မိ​ပေမဲ့ Pက​တော့ ​တော်​​တော်​ကိုနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေရှာတာ...Pမသိ​အောင်​ခိုးလုပ်​လိုက်​မိတာကို​တော့ စိတ်​မ​ကောင်း​ပေမဲ့ Pရဲ့နဖူး​လေးကိုနမ်းလိုက်​ရတာကို​တော့ ကျွန်​​တော်​​တော်​​တော်​​ပျော်​မိတယ်​ဗျ...

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း❤Where stories live. Discover now