သူသင်ပေးခဲ့တဲ့အချစ်အကြောင်း
Part.18
#Ming's View
ကျွန်တော်တို့၂ယောက်နေဖို့အတွက် ဝယ်ပေးထားတဲ့အိမ်ကိုပြင်ဆင်တာမပီးသေးလို့ ကျွန်တော့်မိဘတွေအိမ်မှာပဲ ခနလာနေလိုက်ကြရတယ်လေ...P'Kitနဲ့၂ယောက်တူတူ တခန်းထဲနေရမှာကိုတွေးမိရုံနဲ့ ရင်တွေခုန်တာထိန်းမရ သိမ်းမရပါပဲ...သူလည်း၂ယောက်တူတူ တခန်းထဲနေရမယ်ဆိုတော့ တော်တော်လန့်သွားပုံပဲ...P'Kitကိုစိတ်မရှုပ်စေချင်လို့ ကျွန်တော့်အပြုအမူတွေကိုသတိထားရမယ်လို့ ဆုံးဖြတ်လိုက်မိတယ်...
ကျွန်တော်အခန်းထဲလည်းဝင်ရော ၂ယောက်တူတူနေရမဲ့အခန်း ဆိုတာကိုမေ့သွားတဲ့ပုံနဲ့ မေးလိုက်တဲ့ပုံလေးကဘာလာလုပ်တာလဲတဲ့...ပီးမှ သတိရသွားပုံနဲ့ ရှက်ကိုးရှက်ကမ်းတွေဖစ်ပီး ကျွန်တော့်ကိုအခန်းထဲဝင်ခွင့်ပြုတာ...ကျွန်တော်လည်း P'Kitရဲ့ချစ်စရာပုံစံလေးကိုကြည့်ပီး ဘာလုပ်ရမှန်းမသိတာနဲ့ တဘက်ဆွဲပီး ရေချိုးခန်းထဲဝင်ရေချိုးပစ်လိုက်တော့တယ်...
ရေချိုးပီးလို့ပြန်ထွက်လာတော့ ကျွန်တော့်ကြောင့်ကြမ်းပေါ်ရေတွေကျကုန်လို့ဆိုပီး ပွစိပွစိပြောပြန်ရော...
သူပွစိပွစိပြောတာလေးက စိတ်ရှုပ်စရာမကောင်းပဲချစ်ဖို့ကောင်းနေပြန်ရောဗျာ...တကယ်ပါ ကျွန်တော်တော့ကြာရင် ရူးတော့မှာပဲ...ကျွန်တော့်ကိုဆူရင်းကြမ်းသုတ်တံကြီးယူလာပီး ရေတွေသုတ်နေလို့ လုပ်ပေးမယ်ဆိုတော့လည်း မဟုတ်ပြန်ဘူး ရတယ် သူ့ဘာသူသုတ်မယ်တဲ့လေ...ခေါင်းမာတာ ဆိုတာလည်း၂ယောက်မရှိဘူး...တော်တော်များများက ချောတယ်ယောကျာ်းပီသတယ်လို့ လက်ခံထားတဲ့ကျွန်တော်သူ့ရှေ့မှ တဘက်တထည်ထဲခါးမှာပတ်ပီး မတ်တတ်ရပ်နေတာကို ရှိတယ်တောင်မထင်ပဲ ကြမ်းပေါ်ကရေတွေကိုပဲအာရုံစိုက်နေတာ တစိတ်တော့လွန်သွားပီလေ...

YOU ARE READING
သူသင်ပေးခဲ့တဲ့အချစ်အကြောင်း❤
Fanfictionပထမဆုံးရေးတဲ့ ficလေးမို့ အဆင်မပြေတာရှိရင်နားလည်ပေးကြပါနော်😁