Part.21

1.4K 114 32
                                    

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း

Part.21

#Kit's View

ကျွန်​​တော်​​ရေချိုးပီး ခရီးပန်းတာနဲ့ ခုတင်​​ပေါ်ခနလှဲ​နေရာက ဘယ်​လိုအိပ်​​ပျော်​သွားမှန်းမသိပဲအိပ်​​ပျော်​သွား​တော့တယ်​...ကျွန်​​တော်​နိုးလာ​တော့ အခန်းထဲမှာMing ကိုမ​တွေ့​တော့ဘူး...

#Kit: "​ပြော​တော့ဟန်းနီးမွန်းထွက်​လာတာတဲ့...ခုကြ​တော့အခန်းထဲ​မှာ​တောင်​မ​နေနိုင်​ပဲ ကမ်း​ခြေသွားပီး​ ​ကောင်​မ​လေး​တွေကိုသွားငမ်း​နေပြန်​ပီလားမသိဘူး...ခန​လေးအိပ်​​​ပျော်​သွားတာကို​တောင်​ မ​စောင့်​နိုင်​ရ​အောင်​ ​တော်​​တော်​ကိုဖလန်းချင်​​နေတယ်​...ကြည့်​လို့ကိုမရဘူး... မုန်းလိုက်​တာ..."

ကျွန်​​တော်​လည်းတ​ယောက်​ထဲပွစိပွစိ​ပြောပီး ခုတင်​​ပေါ်မှာ စူပုတ်​ပုတ်​နဲ့ထိုင်​​နေလိုက်​တယ်​...ကိုယ့်​ကိုယ်​ကိုလည်း ထူးဆန်းလာသလိုခံစားရတယ်​...သူဘာသူသွားတာ ဘာကိစ္စကျွန်​​တော်​က စိတ်တို​နေရတာလဲ...ဘာမှသိပ်​မခံစားတတ်​တဲ့ ​အရင်​က​အေးစက်​စက်​ကျွန်​​တော်​ဆိုတာ ဘယ်​​ရောက်​သွားပီလဲ...အား...စိတ်​​တွေရှုပ်​တယ်​...ဆံပင်​​တွေကိုဆွဲဖွလိုက်​ပီး စူပုတ်​ပုတ်​နဲ့ပဲဆက်​ထိုင်​​နေလိုက်​မိတယ်​...စိတ်​တို​နေတာပဲသိတယ်​ ဒါပဲ...

#Ming's View

ကျွန်​​တော်​ပြင်​ဆင်​စရာရှိတာ​တွေပြင်​ဆင်​ပီးပြန်​လာ​တော့ ခုတင်​​ပေါ်မှာ ကျွန်​​တော့်​ရဲ့Pပိစိ​လေးက ဆံပင်​​တွေပွရှုပ်​ပီး စူပုတ်​ပုတ်​နဲ့ထိုင်​​နေ​လေရဲ့...ဒီP နဲ့​တော့ကျွန်​​တော်​ကြာ​လေရူး​လေဖစ်​မှာပါပဲ....

အိပ်​ရာနိုးနိုးချင်း ဆံပင်​​တွေပွရှုပ်​ စူပုတ်​​နေတာ​တောင်​ ချစ်​စရာ​ကောင်း​နေတဲ့သူမျိုးဆိုတာ ရှိလို့လားဗျာ...မြင်​​ရောမြင်​ဖူးကြရဲ့လား...ကျွန်​​တော်​က​တော့အခုမြင်​ဖူးသွားပီဗျ... ကျွန်​​တော့်​ရဲ့ ​Pလေးဟာ​လေ တကယ်​ပါ ခုလိုအချိန်​မှာ​တောင်​ ​​ဆွဲ​ပြေးဖက်​ချင်​စရာ​ကောင်း​လောက်​​အောင်​ ချစ်​စရာ​ကောင်း​နေတာဗျ...

သူသင်​​ပေးခဲ့တဲ့အချစ်​အ​ကြောင်း❤Where stories live. Discover now