Zawgyi
သွေးရောင်ခြယ်နှလုံးသား Chapter 2
မယ်တော်ကြီး၏မွေးနေ့ပွဲသွားရန် Chiyo အားလုံးပြင်ဆင်ပြီးသောအခါယမန်နေ့ညကဆွဲထားသောပန်းချီစာရွက်တစ်ရွက်ကိုယူလိုက်သည်။
ထိုအခါ Shi က နောက်ကျနေမည်ကိုစိုး၍ ထပ်ကာသတိပေးရလေ၏။
"Xiao Chi.......... အချိန်မရှိတော့ဘူးလေ......သွားရအောင်........"
"နေပါဦး......ဒီတစ်ခါတော့မင်းမေ့နေပြီထင်တယ်.....ငါ မယ်တော်ကြီးကိုပေးဖို့မွေးနေ့လက်ဆောင်မပြင်ရသေးဘူးလေ......လာ.....မှင်လာသွေးပေး..."
Chiyo ကပြောနေရင်း ထိုပန်းချီစာရွက်၏ညာဘက်ထောင့်တွင် ကဗျာ တစ်ပုဒ်ကိုလက်ရေးလှလှကလေးနှင့်ရေးလိုက်သည်။ ပန်းချီမှာ မှုန်ရီပြာဝေသောမြူများကြားမှလှမ်းမြင်နေရသောတောင်တန်းနှင့် တောင်ခြေတွင်ရှိနေသည့်ရေကန်ထဲမှလှေငယ်တစ်စင်း၏ပုံဖြစ်သည်။ Chiyo ၏သေသပ်သောစုတ်ချက်များကြောင့်ပန်းချီမှာအသက်ဝင်နေသလိုရှိပြီး လိုက်ဖတ်သည့်ကဗျာတစ်ပုဒ်နှင့်ပေါင်းစပ်လိုက်သောအခါ ပိုပြီးတန်ဖိုးရှိသွားသည်။
"ဘယ်လိုလဲ......ကောင်းတယ်မလား....."
ကဗျာကိုပြီးသည်အထိရေးပြီးသောအခါ Chiyo က စာရွက်ကိုနှစ်ဖက်အစွန်းမှကိုင်မြောက်ပြနေပြီး Shi ကတော့ Chiyo ၏လူလည်ကျမှုကိုစိတ်ထဲတွင်ကြိတ်ပြီးသဘောကျနေမိသည်။
ထို့နောက်ပွဲတော်ရှိရာသို့အတူထွက်လာလိုက်ကြ၏။
"ဝေါယာဉ်မစီးတော့ဘူး.....မြင်းစီးမယ်........"
ဟုပြောလိုက်ပြီးသည်နှင့် လိပ်ပြာလေးတစ်ကောင်လိုပေါ့ပါးမှုမျိုးနှင့် မြင်းပေါ်သို့လွှားခနဲခုန်တက်လိုက်သော Chiyo ကို Shi သတိလက်လွတ်ငေးမောနေမိသည်။ Chiyo မှာ အဖြူရောင်အောက်ခံပေါ်တွင်ရွှေရောင်နဂါးရုပ်ရေးထိုးသည့်ဝတ်စုံကိုဝတ်ဆင်ထားလျက်ရှိပြီး သူ၏ ခန့်ညားသောရုပ်ရည်နှင့်
ဝတ်စုံ၏လှပမှုတို့ပေါင်းစပ်လိုက်သောအခါ ရှိရင်းစွဲထက်ပင်
ပိုပြီးခမ်းနားသွားသည်။ထို့နောက် Chiyo က မြင်းကိုတရွေ့ရွေ့နှင်၍ထွက်ခွာသည်ကို မြင်လိုက်ရသောအခါ Shi လည်းမြင်းတစ်စီးပေါ်သို့တက်လိုက်သည်။ တစ်မနက်ခင်းလုံးမရပ်မနားကျနေသောနှင်းမှုန်တို့မှာ Chiyoko ၏ မျက်နှာအနှံ့အပြားကို အပြေးအလွှားနမ်းနေသလိုရှိရာ ထိုနှင်းမှုန်များကိုပင် Shi မနာလိုအားကျဖြစ်မိရ၏။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...