Zawgyi
သွေးရောင်ခြယ်နှလုံးသား Chapter 14
"Shi........နေပါဦး..........."
ကန်ရေပြင်ကိုဖြတ်ကျော်လာသော လေထုကြားထဲတိုးဝင်လာသည့်အသံငယ်လေးတစ်ခု...။
Xingye ကလှေကားများကို ကျော်ကာလွှားကာပြေးဆင်းလာပြီး ဘာကိုမှမစဉ်းစားနေတော့ပဲ Shi ကိုပြေးဖက်လိုက်သည်။
"မင်းဘာလုပ်တာလဲ......လွှတ်စမ်း......အခု....."
မည်းနက်ဖြောင့်တန်းသော Shi ၏မျက်ခုံးနှစ်ဖက်တို့မှာ တွန့်ချိုးသွားပြီး Xingye ကိုချက်ချင်းဆွဲခွာလိုက်ကာ သူကအနောက်သို့နှစ်လှမ်းလောက်ဆုတ်လိုက်သည်။
Chiyo မဟုတ်သောအခြားသူတစ်ဦး၏အထိအတွေ့ကိုအလိုမကျလွန်း၍ လက်သီးများကိုဆုပ်ထားမိသည်။ ဒေါသထွက်သွားသောမျက်နှာကအနည်းငယ် သွေးရောင်သမ်းလာသည်။
Xingye ကထိန်းမနိုင်သိမ်းမရပဲကျလာသောမျက်ရည်တို့ကိုလက်ခုံဖြင့်ပွတ်သုတ်လိုက်ရင်း
"ခုနကပဲ ဒီနေ့နောက်ဆုံးအကြိမ်လာတာလို့ပြောတယ်လေ.....ကျွန်တော့်မှာဒီလောက်လေးတောင်နှုတ်ဆက်ခွင့်မရှိဘူးလား........"
Xingye ၏အသံလေးမှာအားအင်မဲ့လှသည်။
"နှုတ်ဆက်ခွင့်........"
Shi ပါးစပ်မှထိုစကားလေးကိုရေရွတ်လိုက်သည်။ Xingye ကိုမကြည့်ပဲတခြားကိုကျော်ကြည့်နေသောမျက်လုံးများမှအကြည့်များကတော့ ကျောက်တုံးများလိုအေးစက်သည်။ ထို့နောက်တည်ငြိမ်သောလေသံဖြင့်တစ်လုံးခြင်းပြောသည်။
"နှုတ်ဆက်တယ်ဆိုတာ ပက်သက်ဆက်နွယ်မှုတစ်ခုခုရှိတဲ့လူတွေကြားမှာ လုပ်လေ့ရှိတဲ့အရာပါ......မင်းနဲ့ငါက ဘာပက်သက်လို့လဲ........"
အကြည့်များနှင့်ထပ်တူအေးစက်သော Shi စကားများကြောင့် Xingye မျက်လုံးမှ လက်ကျန်မျက်ရည်စတို့ကပါးပေါ်သို့ တလိမ့်လိမ့်ပြေးဆင်းသွားသည်။
ဟုတ်ပါသည်။ သူနှင့် Shi သည်ဘာမှမပက်သက်။
ဤသည်မှာအမှန်တရားတစ်ခုဖြစ်သည်။ သို့သော် ထိုအမှန်တရားသည် သူ့အတွက်တော့ ခါးသက်လွန်းလှသည်။"ဒါဆို .....Shi ဘာလို့လာသေးလဲ.....ကျွန်တော်နဲ့.....ကျွန်တော်နဲ့မပက်သက်ချင်ဘူးဆို ကျွန်တော်ဆီ နေ့တိုင်း ဘာလို့လာခဲ့သေးလဲ......"
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...