Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 23
ရာသီစက်ကွင်းသည် တစ်ပတ်လည်၍ တစ်နှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်သည်။
နိုင်ငံတော်သည် ရှင်ဘုရင်အသစ်ဖြင့် အသားတကျရှိပြီးနောက် Chiyo ၏ အာဏာစက်များသည်လည်းပို၍ ခိုင်မာလာသည်။
Chiyo သည် လိုအပ်သောအမိန့်စာများကို ဖတ်ရှု ပြန်ကြားပြီးနောက် နယ်ခြားစောင့်တပ်မှရောက်ရှိလာသော စာတစ်စောင်ကိုဖတ်နေသည်။ စာကား Irusu ထံမှစာဖြစ်သည်။ အစ်ကိုတော် အား သာကြောင်းမာကြောင်းမေးပြီး နန်းမြို့တော်သို့ပြန်လာလိုကြောင်းရေးထားသောစာဖြစ်သည်။
Chiyo သည် Iru အား နယ်ခြားစောင့်တပ်တွင် တပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ရန်ပို့လိုက်သည်မှာတစ်နှစ်ပင်ပြည့်ပြီဖြစ်လေသည်။
Shi သည် Chiyo ၏နံဘေးတွင် မင်သွေးပေးနေရင်း အရိပ်အခြည်ကြည့်နေသည်။ Chiyo နှင့် Iru သည် ဆက်ဆံရေးကောင်းပါလျက်နှင့်ဘာကြောင့်များ Iru အားနယ်စပ်ကိုပို့လိုက်သလဲဆိုတာကို သူစဉ်းစားမရ။ ယခုနောက်ပိုင်းတွင် Chiyo သည် Iru နှင့်ပက်သက်လျှင် သူစိမ်းလိုပင်စိမ်းသက်သက်နိုင်လွန်းလှသည်။ Iru ကို နယ်စပ်သို့ ပို့လိုက်ပြီးသည်နှင့် Iru အကြောင်းတစ်ခွန်းမှမပြောတော့ပေ။ နှစ်ယောက်သား၏ ကြားတွင် ဘာပြသနာများရှိခဲ့သလဲဆိုတာကိုသူဘယ်လိုမှ မတွေးတတ်တော့။
~Xiao Chi....
Shi ထံမှထွက်ပေါ်လာသော တစ်ကိုယ်တည်းသာကြားနိုင်လောက်သည့်တီးတိုးသံလေးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် Chiyo သည် ထိုစာကို အနီးဆုံးတွင်ရှိသော ဖယောင်းတိုင်မီးနှင့် လောင်ကျွမ်းပြာကျ စေလိုက်သောကြောင့်ဖြစ်သည်။ လောင်ကျွမ်းပြီးပြာများအဖြစ်သို့ပြောင်းလဲသွားသော စာကို ကြည့်နေသည့် Chiyo မျက်နှာသည် အေးစက်ပြီး တည်တင်းနေသည်။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...