Zawgyi
သွေးရောင်ခြယ်နှလုံးသား Chapter 13
နန်းဆောင်၏အပြင်ဘက်တွင်တဖွဲဖွဲကျနေသောနှင်းတို့မှာ ပို၍ပို၍ထူထပ်လာသောကြောင့်အဆုပ်လိုက်ဆုပ်လိုက်ခဲနေသောနှင်းခဲဖြူတို့ကို နေရာတိုင်း၌တွေ့မြင်ရသည်။ မရပ်မနားကျဆင်းနေသောနှင်းထုထဲသို့မတိုးဝင်နိုင်သည့် ငှက်ကလေးတစ်ကောင်ကတော့ခေါင်မိုးစွန်းတွင်နားခိုနေပြီး ဆောင်းလေကိုအံတုလျက်ရှိသည်။ အဆောင်ထဲမှ Chiyo ကတော့ အပြင်ကိုလှမ်းငေးကြည့်နေရာ ငှက်ကလေးကိုလည်းမြင်ရသည်။ နှင်းများကိုလည်းမြင်ရသည်။ နှင်းထုကိုမတိုးနိုင်သောနေရောင်ခြည်နှင့်တိမ်လွှာပါးပါးကိုလည်းမြင်ရလေသည်။
သို့သော်ထိုင်နေရုံမှလွဲ၍ဘာမှလုပ်နိုင်စွမ်းမရှိသေးသောကြောင့် အချိန်များအမြန်ကုန်ပါစေတော့ဟုဆုတောင်းရင်းသာ သက်ပြင်းကိုအကြိမ်ကြိမ်ချရင်းထိုင်နေရသည်။
"Shi......."
Shi အားလှမ်းခေါ်လိုက်သော Chiyo လေသံမှာ ညင်သာဖျော့တော့စွာထွက်ပေါ်လာသည်။ ထိုအခါ Shi ကလည်းမဆိုင်းမတွပင်ပြန်ထူးလိုက်၏။
"အင်း........"
"ဘယ်နှစ်ရက်လိုသေးတာလဲ......."
Chiyo နှုတ်ဖျားမှထွက်ကျလာသောထိုစကားတို့ကြောင့် Chiyo အနောက်မှထိုင်၍ Chiyo ဆံပင်များကိုစည်းပေးနေသော Shi လက်များတုန့်ဆိုင်းသွားသည်။ ဝမ်းနည်းမှုကိုဖုံးကွယ်သိုဝှက်ထားသော Shi မျက်လုံးများမှာလှုပ်ရှားခြင်းမရှိ။
"လေးရက်.........."
ဘယ်လိုအပိုစကားကိုမှမပြောပဲ Chiyo မေးသောအရာကိုသာပြန်ဖြေမိသည်။
သူ့အတွက် ယခုအချိန်တွင်ဘယ်လိုစကားကိုမှထပ်ပြောရန်အားအင်မရှိသောကြောင့်ဖြစ်သည်။
ယခုဆို Chiyo အကျယ်ချုပ်ကျနေသည်မှာ သုံးရက်ရှိလေပြီ။ အရှင်မင်းကြီးက Chiyo ကိုတစ်ပတ်တိတိအပြစ်ပေးမည်ဖြစ်ရာ Chiyo နောက်ထပ်လေးရက်ဤနေရာမှတဖဝါးမှမခွာပဲနေရဦးမည်ဖြစ်သည်။ Chiyo အပြစ်ဒဏ်ကာလမှလွတ်မြောက်ပြီး လွတ်လပ်ခွင့်ပြန်ရသည့်အခါ ထိုနေရာကိုထပ်သွားဦးမလား...။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...