Zawgyi
သွေးရောင်ခြယ်နှလုံးသား Chapter 9
"ငါသွားမယ် Shi........."
Shi မျက်နှာလေးကိုကြည့်၍ Chiyo ပြတ်သားစွာပြောလိုက်သည်။
ထိုအခိုက်ဆောင်း၏အအေးဒဏ်နှင့်မသက်ဆိုင်ပဲ Shi လက်ဖျားလေးများဆတ်ခနဲတုန်ခါသွားပေ၏။ သို့သော် သိစိတ်က မျက်ဝန်း၏ဘေးနှုတ်ခမ်းသားများတွင်ရစ်သိုင်းလာသည့်မျက်ရည်စတို့ကိုအလျှင်အမြန်တားဆီးလိုက်သည်။
ထို့နောက် Chiyo ခြေလှမ်းများကဖြည်းညင်းစွာဖြင့် You Min မုခ်ဦးဝ မှတစ်ဆင့်အထဲသို့လျှောက်လှမ်းလာသည်။
ပျော်နေပုံပေါက်သည့် Chiyo မျက်နှာလေးကအတော်ကိုရွှင်ပြနေသည်မှာ ကောင်းကင်တွင်တိမ်ကိုထွင်းပြီးသာနေသောလဝန်းကြီးကဲ့သို့လင်းလက်လှသည်။ Shi ကတော့ဂယောက်ဂယက်ဖြစ်နေသောအသက်ရှူနှုန်းတို့ကိုထိန်းညှိရင်း ခေါင်းကိုငိုက်စိုက်ချကာ Chiyoo နောက်မှလိုက်လာခဲ့သည်။
You Min ထဲကိုဝင်လိုက်တော့လူများကအများအပြားပင်ဖြစ်သည်။ ရောင်စုံပန်းပွင့်များလို နုပျိုလန်းဆန်း လှပသည့် မိန်းမငယ်များ၊ အသက်အရွယ်စုံလင်လှသည့်ဧည့်သည်များ ထို့နောက်နေရာတိုင်းတွင်အလှဆင်ထားသောမီးရောင်များကလည်း အားလုံး၏အလှတရားကိုပိုပြီးအရောင်တင်ပေးလျက်ရှိသည်။
အထဲကိုဝင်လျှင်ဝင်ခြင်း Chiyo မျက်လုံးများကဟိုဒီပြေးလွှားကာရောင်စုံပန်းပွင့်များအကြားက Xingye ကိုရှာနေမိသည်။ နှစ်ထပ်ဆောင်တစ်ခုလုံးတွင် ဟိုနေရာ ဒီနေရာ ၊ နေရာတိုင်းလူမရှုပ်သည့်နေရာမရှိသောကြောင့်ရှာရသည်မှာမလွယ်ကူ။
Shi ကတော့ Xingye ကိုရှာနေသည့် Chiyo မျက်ဝန်းများကိုငေးကြည့်နေမိသည်။
သူ့ကိုရှာနေတဲ့ မင်းကိုငါက ဘာလို့များအကြည့်မလွှဲနိုင်ရသေးတာလဲ Xiao Chi...
ထိုအချိန်တွင် Chiyo ကိုလှမ်းမြင်လိုက်သောမားမားကအထဲမှပြေးထွက်လာသည်။ အဝါရောင်ပိုးသားဝတ်စုံနှင့်ဆံပင်ကိုလည်းအဆင်တန်ဆာများစွာဖြင့်ထုံးဖွဲ့ထားသော မားမား မှာလှပသော်လည်း ဝသောကြောင့်ပြေးလာချိန်တွင်တော့ဘောလုံးတစ်လုံးလိမ့်လာသည့်နှယ်။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...