Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 20
ဆောင်းနှင်းစက်တို့၏အောက်တွင် မနက်ခင်းသည်လွန်စွာလတ်ဆတ်နေ၏။
'အထိန်းတော်...wu........'
အနည်းငယ် ကျယ်သော Chiyo အသံကြောင့်
တော်ဝင်အိပ်ဆောင်၏ခေါင်မိုးစွန်းတွင်နားခိုနေသောငှက်မောင်နှံတစ်စုံမှာရုတ်ခြည်းထပျံသွားရသည်။ ထို့နောက်အထိန်းတော် wu လည်းအဆောင်တွင်းသို့သွက်လက်စွာပြေးဝင်သွား၏။'အမိန့်ရှိပါ အရှင်........'
ညအိပ်ရာတွင်ဝတ်ဆင်ထားသော အဖြူ ရောင်လွှလွှဝတ်ရုံပါးကြားမှ Chiyo သည်နတ်သားတစ်ပါးကဲ့သို့လှပနေသည်။
'Shi.....ရော.....အပြင်မှာ Shi ရှိလား......ရှိရင်လွှတ်လိုက်..........မရှိရင်အခုသွားရှာပြီး ကိုယ်တော့်ဆီလွှတ်လိုက်.......'
မနက်စောစောစီးစီး Chiyo က Shi ကိုအခေါ်လွှတ်နေသည်ကို ဘေးတွင်ရှိသော Rumi က ထူးဆန်းသလိုကြည့်နေသည်။
' Shi လည်းတောက်လျောက်ပင်ပန်းထားတာ နားပါစေလေ အရှင်.....အရှင် ဘာလိုသလဲ....လိုသမျှ Rumi လုပ်ပေးနိုင်ပါတယ်........'
Rumi စကားကိုနားထောင်နေသော Chiyo သည်တစ်ခုခုတွေးတောနေသလိုရှိပြီးနားလည်ရခက်အောင်ပြုံးသည်။
' တစ်ခုခုလိုတယ်ရယ်လို့တော့မဟုတ်ပါဘူး.....ဒီအတိုင်းပဲ..... ဒီအတိုင်း.... တွေ့ချင်လို့ပါ.......'
'ဟင်.........'
Chiyo စကားသည် Rumi ကိုဘာပြောရမှန်းမသိတော့လောက်အောင် တစ်ချက်ဆွံ့ အသွားစေသည်။
သို့သော်လည်း Shi မှာ သူမထက်ပို၍ Chiyo နှင့်အတူရှိသည့်အချိန်တွေများသောကြောင့် နှစ်ဦးကြားကသံယောဇဉ်ကိုသူလွယ်လွယ်နှင့်ဖြတ်တောက်ပစ်လို့မရမှန်းတော့သိသည်။ထို့နောက် အတွေးများကိုရပ်၍ Rumi , Chiyo အနားသို့ကပ်သွားကာ ပြေလျော့ပြီးကျောပေါ်သို့ကျနေသော Chiyo ဆံပင်များကိုကိုင်လိုက်ပြီး
![](https://img.wattpad.com/cover/136128073-288-k116862.jpg)
DU LIEST GERADE
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historische Romaneကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...