Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 25
ခပ်ဖျော့ဖျော့အသားရောင်ရှိသော မျက်နှာချေမှုန့့်တို့သည် မွှေးညင်းနုလေးများပုန်းခိုနေသော ပန်းနုရောင်ပါးပြင်ထက်သို့ တိုးတိုက်ရှပ်ပြေးသွားသည်။ နောက် မို့ဖောင်းနေသောပါးမို့ထက်တွင် နီညိုရောင် ပါးနီတို့က ခပ်ရေးရေးနေရာယူလိုက်သည်။
ညီညာသေသပ်သော စင်ရော်တောင်လိုမျက်ခုံးများသည်လည်း ခဲချောင်းလေး၏ဆောင်မမှုကြောင့် ပို၍နက်မှောင်ကော့ပျံသွား၏။ ခပ်သေးသေးအဖြူ ရောင် ကြွေခွက်အဝိုင်းကလေးထဲမှ ပန်းသွေးရောင်ရှိသော ခပ်ပျစ်ပျစ် အရည်ကလေးများကို လက်သူကြွယ်ကလေးဖြင့်တို့ကာ နှုတ်ခမ်းသားပေါ်တွင် ညီညာပြန့်ပြူးစွာလိမ်းလိုက်ပြီးချိန်တွင်တော့ Xingye ၏ အလှပြင်ဆင်ခြင်းပြီးဆုံးလေ၏။
Xingye သည် ကြေးမုံပြင်ထက်၌ပေါ်နေသည့် မိန်းကလေး အသွင်ဆောင်သော သူ၏မျက်နှာကိုကြည့်ရင်း 'ဟီး' ကနဲရယ်ချလိုက်သေးသည်။
မျက်နှာကို ပြင်ဆင်ခြယ်သမှုနှင့်အတူ ဆံပင်ကို အခြားသူများကဲ့သို့စည်းနှောင်လိုက်သောအခါ သူ၏ပုံစံမှာ တစ်ကယ့်မိန်းမပျိုတစ်ဦးနှင့်မခြားရှိ၏။ ပိုးချည်မျှင်လေးလို
နဖူးစပ်မှ ထွက်ကျနေသော ဆံစတို့မှာ သူ့အား လှပပျိုမြစ်သောမိန်းမပျိုတစ်ဦးအဖြစ် ပိုမိုထောက်ပံ့ပေးနေသည်။' ဟေ့ .... ပြီးပြီလား .... မြန်မြန်လုပ်လေ ခဏနေသမားတော်ကြီး သွားတော့မှာ ......'
အခန်းတွင်းသို့ဝင်လာသော ဆေးအမှုထမ်းသည် ဆေးသေတ္တာကိုလွယ်လိုက်ရင်း Xingye အား ကြည့်လိုက်မိသည်။ သူနှင့် တူညီသောဝတ်စုံဝတ်ထားတာတောင် Xingye သည် ပိုးဟပ်ဖြူ ကလေးလို ဖြူ ဖျော့လှပနေသည်ကိုကြည့်ရင်း ရင်ထဲမှအနည်းငယ်ပင်အားကျမိသွားသည်။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...