Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 22
နှင်းမှုန်များ၏ နူးနူးညံ့ညံ့သိမ်းပိုက်မှုကြောင့် မြို့တော်သည် အေးစက်စိုစွတ်နေလေသည်။ တိုက်ခတ်လာသောလေရူးကအေးစေကာ နှင်းစက်များကခဲစေသည်။ ညီညာသေသပ်သောအုတ်ချပ်များဖြင့်စီခင်းထားသော နန်းတော်၏လျောက်လမ်းသည်ပင် အေးလွန်း၍အက်ကွဲချင်နေသလိုရှိ၏။
မျက်လွှာကိုချကာ ခေါင်းကိုငိုက်စိုက်လျက် လျောက်လာသော Shi ၏ ပုံစံမှာအားအင်ချည့်နဲ့လှ၏။ တစ်ညလုံး မအိပ်ထား၍သာဖြစ်လိမ့်မည်။ နေရောင်ခြည်ထွက်လာသည့်အခါ နှင်းမှုန်များကပ်နေသည့် Shi မျက်တောင်ဖျားမှ နှင်းမှုန်ခဲများကိုတွေ့ရသည်။ နှုတ်ခမ်းများကလဲ အအေးဒဏ်ကြောင့် ခြောက်ကပ်အက်ကွဲနေလေ၏။ သူ၏ဝမ်းနည်းကြေကွဲမှု အတိုင်းအတာကို သူ၏မျက်နှာပေါ်တွင် အပြည့်အဝတွေ့မြင်နိုင်သည်။
Chiyo ၏အဆောင်ရှေ့သို့ရောက်သောအခါ ရပ်နေကျနေရာတွင် မလှုပ်မယှက်ရပ်နေမိသည်။ သို့သော် Aki ကပြေးလာပြီး
' အရှင် နိုးလာကတည်းက အစ်ကို့ ကို ရှာနေတယ် ......'
ဟုပြော၏။
Shi တော်ဝင်အိပ်ဆောင်ထဲဝင်ရန်ခြေလှမ်းတို့ကိုပြင်လိုက်သည်။ သူဝင်သောအခါ အဆောင်ဝမှအပျိုတော်တို့က အဆင့်ဆင့်သော တံခါးတို့ကိုဖွင့်ပေးကြ၏။
' ကျွန်တော်မျိုးရောက်ပါပြီ အရှင် ....'
' မင်းတစ်ညလုံး ဒီမှာမရှိဘူးဆို ..... ဘယ်တွေသွားနေတာလဲ .........'
ပူပန်ခြင်း အနည်းငယ်ပါသောလေသံဖြင့် Chiyo ကမေး၏။ Chiyo ၏ အမေးအားဖြေရန် Shi ငုံ့ထားသောခေါင်းအားမော့လိုက်သောအခါ မျက်လုံးထဲသို့ ဝင်လာသောမြင်ကွင်းက အတိုင်းအဆမဲ့နာကျင်စေသည်။
Xingye က Chiyo ၏ပေါင်ပေါ်တွင်အိပ်ပျော်လျက်သားရှိနေသောကြောင့်ဖြစ်သည်။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...