Ep 35

3.3K 367 36
                                    

Zawgyi

သွေး​ရောင်​ခြယ်​နှလုံးသား Ep 35

ငြိမ်း​အေးငြိမ်​သက်​​သော မနက်​ခင်းဖြစ်​၏။ ညီလာခံတစ်​ခုလုံးလည်း တိတ်​ဆိတ်​လျက်​ရှိ​သည်​။ အမတ်​များအားလုံးတို့သည်​ စကားများမ​ပြောဘဲဆိတ်​ဆိတ်​​နေကြ​သော်​လည်း ရင်​ထဲတွင်​​တော့ အ​တွေး​ပေါင်းစုံဖြင့်​ ဗ​လောင်​ဆူ​နေ၏။

Rumi ၏ဖခင်​စစ်​သူကြီး သည်​ လွန်​ခဲ့သည့်​နှစ်​ရက်​က ၎င်း​နေထိုင်​ရာစံအိမ်​​တော်​တွင်​ လုပ်​ကြံသတ်​ဖြတ်​ခံခဲ့ရသည်​။ အချို့က ရှင်​ဘုရင်​ကိုယ်​တိုင်​အမိန့်​​ပေးခဲ့သည်​ဟုဆိုကြသည်​။ အချိ့က​တော့ တိုင်းတစ်​ပါးကကျူး​ကျော်​သူတို့၏ လက်​ချက်​ဟုဆိုကြသည်​။ မည်​သို့ပင်​ဆို​စေကာမူ ထိုစစ်​သူကြီးသည်​ ​နေအိမ်​တွင်​ရက်​စက်​စွာအသတ်​ခံလိုက်​ရပြီး သူ့လက်​​အောက်​တွင်​ ရှိ​သော အမတ်​များသည်​ မည်​သူ့လက်​​အောက်​တွင်​ ဆက်​လက်​သစ္စာခံရမည်​ကို ​ဝေခွဲမရဘဲတစ်​ကွဲတစ်​ပြားစီဖြစ်​​နေကြ၏။

အချို့က Chiyoko လက်​​အောက်​သို့ဝင်​​ရောက်​၍ သစ္စာခံလာကြ​သော်လည်း ​တပ်​စုမှူး​တော်​​တော်​များများမှာ Rumi တို့​မောင်​နှမ နှင့်​ပူး​ပေါင်း၍ ပုန်​ကန်​မှုကြီးကိုပြုလုပ်​ရန်​ပြင်​ဆင်​​နေကြပြီဖြစ်​၏။

Rem သည်​ နှမဖြစ်​သူ Rumi အား နန်း​တော်​မှ​ခေါ်ထုတ်​သွားပြီး​နောက်​ ချူး​တောင်​တန်းတွင်​ သူလျွှို့
ဝှက်​စွာ တည်​​ဆောက်​ထားခဲ့​သော ကိုယ်​ပိုင်​စစ်​တပ်​ကို ဦးစီး၍ ပုန်​ကန်​ရန်​ကြိုးပမ်းလျက်​ရှိသည်​။ သူ့လက်​​အောက်​မှတပ်​မှူးတို့သည်​ Chiyoko ကို နန်းချရန်​စိတ်​အားထက်​သန်​​နေကြ၏။ လက်​ရှိအဆုခအ​နေတွင်​ ပုန်​ကန်​ရန်​စစ်​အင်​အားလုံ​လောက်​​နေသည့်​အတွက်​​ကြောင့်​လည်း သူတို့အ​ရေး​တော်​ပုံ​အောင်​မည်​ထင်​၏။ ထိုအထဲတွင်​ အတက်​ကြွဆုံးမှာ​တော့ ထီးနန်းအား အာသာငမ်းငမ်းတပ်​မက်​လျက်​ရှိ​သော Rem ပင်​ဖြစ်​၏။ ပုန်​ကန်​ရန်​အစီအစဉ်​ကို လွန်​ခဲ့သည့်​နှစ်​များစွာကပင်​ဆွဲထားခဲ့​သော Rem သည်​ ယခု​တော့ Rumi နှင့်​ Chiyo ကြားမှ ပြသနာကို အစပြုကာ စစ်​ကိုစတင်​ရန်​ကြိုးစား​နေ​တော့​လေသည်​။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now