Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 24
YimNam နန်းမြို့တော်၏ဆောင်းသည် ယနေ့အဖို့လည်း အေးစိမ့်စိုစွတ်နေပြန်သည်။ ကောင်းကင်ထက်မှ တိမ်တိုက်ထူများက နေရောင်ကို မြေပြင်ထိခရီးမဆက်နိုင်အောင် ကာဆီးပိတ်ဆို့ထားကြပြီး ဆီးနှင်းများကလည်း အတိုင်းအဆမရှိကျဆင်းလို့နေ၏။
သို့သော် ထိုအဆက်မပြတ်ကျဆင်းနေသော ဆီးနှင်းများအောက်၌ပင် နန်းတော်သည် လှုပ်လှုပ်ရှားရှားဖြင့်သက်ဝင်နေလျက်ရှိသည်။ မကြာခင် စစ်မြေပြင်သို့ထွက်ခွာကြရတော့မည်ဖြစ်သည့်အတွက် စစ်သူရဲများသည် မိမိတို့၏ လက်စွဲတော်လက်နက်များကို ကိုင်စွဲထားကာ စစ်သွေးကြွလျက်ရှိကြသည်။ တပ်မှုး၊ တပ်ခွဲမှုး များကလည်း နန်းမြို့တော်မှထွက်ခွာမည့်တပ်များအားလုံးကို လိုက်လံစစ်ဆေးကာ စိတ်ဓာတ်တက်ကြွစေရန် ပြောဆိုလျက်ရှိသည်။
ပုန်ကန်ထကြွနေသော ShaoZhou ကို YinNam သည် မြင်းတပ် ဆယ့်ငါးတပ်၊ ခြေလျှင်တပ် ဆယ့်ခြောက်တပ်ဖြင့် တပ်ကြောင်း လေးကြောင်းခွဲကာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ချီတက်နှိမ်နှင်းမည်ဖြစ်သည်။
ယခုအချိန်တွင် ShaoZhou ကိုတစ်ခါတည်းနှိမ်နင်းထားမှသာ အခြားလက်အောက်ခံနိုင်ငံငယ်များဖြစ်သော WeiKyo ၊ HoShin စသည့်နိုင်ငံများငြိမ်ဝပ်ပိပြားမည်ဖြစ်သည်။ ပြီးခဲ့သော ဘုရင်များအစဉ်အဆက်ထိန်းသိမ်းခဲ့သော ငြိမ်းချမ်းရေးသည် ShaoZhou ၏ သစ္စာပျက်ပြားမှုကြောင့် ပျက်ခဲ့ရပြီ။ Chiyo သည် ShaoZhou အား တစ်ဖန်ပြန်၍ နာလန်မထူနိုင်အောင် ချေမှုန်းမည်ဟု စိတ်ပိုင်းဖြတ်ထား၏။
စစ်ထွက်ရန်အချိန်သည် တဖြည်းဖြည်းနီးကပ်လာသောအခါ နန်းတော်အတွင်းမှ တပ်များသည် ပုရွက်ဆိတ်အုံလို လှုပ်လှုပ်ရွရွဖြစ်လာသည်။ ဓား၊ လှံ များက ပြဒါးရောင်တလတ်လတ် နှင့် နှင်းများဖုံးလွှမ်းနေသော လမ်းတို့သည် ခြေရာများ ပိုမိုရှုပ်ထွေးလာသည်။ စစ်သည်တော်တို့၏ မျက်နှာမှာ စစ်စိတ်စစ်သွေး တို့ဖြင့် ပိုမိုနီမြန်းလာကြသည်။ တပ်များအားလုံးသည် ထွက်ခွာရန် ဘုရင်မင်းမြတ်အားစောင့်ဆိုင်းနေကြ၏။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...