Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 19
Razami စစ်သူကြီး၏စံအိမ်တော်တွင်ဖြစ်၏။
စံအိမ်၏အရှေ့တွင်မြင်းနှစ်စီးနှင့်လူငယ်နှစ်ဦးစောင့်ဆိုင်းနေကြ၏။ ရဲမက်အချို့ကသူတို့ကိုဝိုင်းထားသော်လည်း နှစ်ဦးစလုံး၏မျက်နှာတွင်ကြောက်လန့်သည့်အရိပ်အယောင်စိုးစဉ်းမျှမရှိ။
ခဏအကြာတွင် စံအိမ်တော်အတွင်းမှ အပြင်ဘက်ဆီသို့နီးကပ်လာသည့်ခြေသံတို့ကိုကြားရပြီးနောက် စေ့ထားသောတံခါးမကြီးမှာလည်းဝုန်းခနဲပွင့်လာသည်။
'Chiyo ..........'
Chiyo နာမည်ကိုအော်လိုက်သံနှင့်အတူ Rumi မှာ သူမ၏ဝတ်ရုံထူကြီးများကိုမကာပြေးလာသည်။ Chiyo အသက်ရှင်နေသည်ကိုတွေ့မြင်လိုက်ရခြင်းကြောင့် သူမ၏မျက်နှာတွင်ပျော်ရွှင်ခြင်း ဝမ်းသာခြင်းတို့ဖြင့်ပြည့်နှက်လို့နေသည်။
Rumi ထွက်လာချိန်တွင် Chiyo လည်းမြင်းပေါ်မှခုန်ဆင်းလိုက်ပြီး သူ့ဆီတဟုန်ထိုးပြေးလာသော Rumi အားပွေ့ဖက်နှုတ်ဆတ်လိုက်၏။ ပထမတော့
Rumi လည်းငြိမ်နေပြီးနောက်တော့ Chiyo ရင်ဘတ်အားတဒုန်းဒုန်းထုကာ' Chiyoko အစုတ်ပလုတ်ကောင်ကြီး .....နင်သေလားရှင်လားမသိလို့ ငါဘယ်လောက်တောင်ငိုနေရသလဲသိရဲ့လား ....ဘယ်တွေရောက်နေလို့ အခုမှပေါ်လာရတာလဲ ဟင်.........အဟင့်......ဟင့် .......'
Rumi သည်ပြောရင်းဆိုရင်း ငိုချလိုက်သည်မှာ နှာခေါင်းလေးများပါရဲတွတ်လာ၏။ Rumi သည်တည်ငြိမ်ရင့်ကျက်သောအလှမျိုးရှိပြီး ချစ်စဖွယ်အမူအယာလေးများနှင့်ကောင်မလေးပင်။
'မငိုနဲ့လေ .... တိတ် .... အရူးမလေး ....'
Chiyo ကပြောနေရင်း Rumi နဖူးအားလက်သီးဖြင့်ခပ်ဖွဖွထုသည်။ Rumi ကလည်း Chiyo လက်မောင်းကိုတွဲထားသည်မှာမလွှတ်တော့။
Shi ကတော့နှစ်ဦးစလုံးကို မကြည့်ပဲမျက်လွှာချကာခေါင်းကိုငုံ့ထားသည်။ ထို့နောက် Chiyo နှင့် Rumi စကားပြောရင်းအထဲကိုဝင်လာတော့သူပါလိုက်ပါလာခဲ့သည်။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...