Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 21
'ထတော့ Akiyo .... '
'မထဘူး အရှင် .... အရှင်ခွင့်မပြုမခြင်းကျွန်တော်မျိုးမထဘူး.........'
Chiyo နှင့်မလှမ်းမကမ်းတွင်ရှိနေသော Aki , ကြမ်းပြင်နှင့်နဖူးကိုထိကပ်နေသည်အထိဦးခိုက်ထားပြီး ခေါင်းကိုတွင်တွင်ခါနေသည်။
Chiyo ကတော့ Aki ကိုတစ်လှည့် Shi ကိုတစ်လှည့်ကြည့်နေသည်။ Akiyo ထိုကောင်လေး မနက်လင်းကတည်းက ယခုကဲ့သို့ လာ၍ သူ၏ကိုယ်ရံတော်တပ်ဖွဲ့ အတွင်းဝင်ရောက်ခွင့်ပြုရန်၊ သူ့ထံတွင်အမှုထမ်းဆောင်ခွင့်ပြုရန်တောင်းဆိုနေခြင်းဖြစ်သည်။ သို့သော် Shi ထံတွင် Aki အားကိုယ်ရံတော်လုပ်စေရန် လိုလိုလားလား ခွင့်ပြုသည့်အရိပ်အယောင်မျိုးမတွေ့သောကြောင့် Chiyo , Aki အားခွင့်မပြုသေးပဲအချိန်ဆွဲထားရခြင်းဖြစ်သည်။
' ကျွန်တော်မျိုး ကိုယ်ရံတော် တစ်ယောက်လုပ်ရမယ့်တာဝန်တွေအားလုံးကိုသိပါတယ် အရှင်.... စည်းမျဉ်းစည်းကမ်း တွေအားလုံးကိုလည်းသိပါတယ် ပြီးတော့ ဓားရေးကိုလည်း ပြင်းပြင်းထန်ထန်လေ့ကျင့်ထားပါတယ်......အဲ့ဒါကြောင့် ကျွန်တော်မျိုးကိုဝင်ခွင့်လေးပဲပေးပါ........'
' ထတော့ Aki... ကိုယ်တော်ဆောင်ရွက်စရာကိစ္စတွေရှိသေးတယ်........'
' အရှင်လုပ်စရာရှိတာလုပ်လို့ရပါတယ်......ကျွန်တော်မျိုး ဒီကနေပဲစောင့်နေမယ်.......'
'တော်ပြီ တော်ပြီ..... မင်းတို့ညီအစ်ကိုကြားဝင်မပါတော့ဘူး..... Shi ခွင့်ပြုရင် လုပ်...ဟုတ်ပြီလား.......'
Aki သည် Shi အား အသာလေးလှမ်းကြည့်၏။
ထို့နောက်'အစ်ကို Shi ....အစ်ကိုကခွင့်ပြုပါတယ် ... ဟုတ်တယ်မလား....' ဟု စပ်ဖြီးဖြီးနှင့်လှမ်းမေးသည်။ တစ်ကယ်ဆို Shi က သူ့ ကို ကိုယ်ရံတော်တပ်ဖွဲ့ထဲမဝင်စေချင်သည်ကို အစကတည်းက သိပြီးသားဖြစ်သည်။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...