Final

13.3K 708 254
                                    

Zawgyi

သွေး​ရောင်​ခြယ်​နှလုံးသား Final

နယ်​စပ်​မှခရီးပြင်းနှင်​လာ​သောတပ်​သားတစ်​စုသည်​ နန်း​တော်​ဝသို့​ရောက်​​သောအခါ ဘုရင်​မင်းမြတ်​၏ခွင့်​ပြုမိန့်​ကိုပြ၍ နန်းတွင်းဝင်​လာသည်​။ ​ခေါင်း​ဆောင်​ကား အခြားသူမဟုတ်​။ Irusu ပင်​ဖြစ်​သည်​။ Iru သည်​ Chiyo ထံမှရရှိ​သောအမိန့်​စာ​ကြောင့်​မြို့​တော်​သို့အ​ပြေးနှင်​လာခဲ့ခြင်းဖြစ်​၏။

နန်း​တော်​သို့ဝင်​​ရောက်​လာခဲ့သည့်​လမ်းတစ်​​လျောက်​လုံးတွင်​ Iru မျက်​လုံးများသည်​ Shi အားရှာ​နေခဲ့မိသည်​။ သို့​သော်​လည်း Chiyo သည်​ သူ့အား Shi နှင့်​​တွေ့ခွင့်​မ​ပေးမည်​ကို သိထားပြီးဖြစ်​၏။ သူ၏အစ်​ကို​တော်​သည်​ Shi နှင့်​ပက်​သက်​လျင်​​တော့ သူ့အ​ပေါ်ရက်​စက်​လွန်းလှ​လေသည်​။

"အစ်​ကို​တော်​ ..."

Chiyo ​ရှေ့သို့​ရောက်​​သောအခါ Iru သည်​ ဒူး​ထောက်​ဂါရဝပြုလိုက်​သည်​။ တစ်​ပြိုင်​နက်​တည်းမှာပင်​ Chiyo ၏ပုံစံသည်​အရင်​နှင့်​မတူ​တော့သည်​ကိုသတိထားမိလိုက်​​လေသည်​။

Chiyo သည်​သူ့ကိုတစ်​ချက်​သာကြည့်​ပြီး အရက်​ကိုဆက်​​သောက်​​နေ​လေသည်​။ အရက်​ကိုမမူးမူး​အောင်​အလွန်​အကြူး​သောက်​​နေ​သော Chiyo ကိုကြည့်​ရင်း Iru နားမလည်​နိုင်​​အောင်​ဖြစ်​​နေရသည်​။ ယခုအချိန်​သည်​ ပုန်​ကန်​သူများကိုနှိမ်​နင်းနိုင်​ခဲ့သည့်​အချိန်​ဖြစ်​​သော်​လည်း အပြီးသတ်​ဖြိုခွင်းနိုင်​ခဲ့ခြင်းမဟုတ်​​သဖြင့်​ ​အောင်​ပွဲခံ​နေရမည့်​အချိန်​မဟုတ်​​ပေ။ တိုက်​ပွဲတွင်​​ရှေ့တန်းမှ​နေ၍ ပုန်​ကန်​မှုကိုနှိမ်​နင်းခဲ့​သော Chiyo သည်​ ယခု​တော့ ​သေရည်​ကြားထဲတွင်​နစ်​မြုပ်​​နေ​လေသည်​။ ထို့​နောက်​ သူ့ကိုတစ်​သက်​လုံး နယ်​နှင်​ဒဏ်​​ပေးထားရန်​ဆုံးဖြတ်​ခဲ့ပြီးမှ ယခု​ခေါ်လာပြန်​​လေသည်​။ Iru သည်​ Chiyo အား ​မေးခွန်း​များစွာ​မေးလိုစိတ်​ဖြင့်​ကြည့်​​နေမိသည်​။

"အစ်​ကို​တော်​ ..."

"မင်း​ရောက်​လာပြီကိုး..။ လာ​လေ။ ထိုင်​ပါဦး။"

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now