Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 18
Shi မျက်လုံးများပွင့်လာချိန်တွင်အခန်းသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘေးဘီကြည့်လိုက်တော့ Chiyo မရှိ။ အချိန်ကားညနေစောင်းဖြစ်ပြီး ဆောင်းလေကလည်းတဖြည်းဖြည်းအေးလို့လာပြီဖြစ်သည်။
အာခြောက်မှုကိုဖြေဖျောက်ရန် ရေကရားထဲမှ
ရေလေးတစ်ငုံငှဲ့သောက်လိုက်ပြီး အိပ်ရာနံဘေးမှခေါက်ထားသောစက္ကုခေါက်လေးကိုကြည့်လိုက်တော့ ..'''ဆေးသွားဝယ်နေတာမို့ စိတ်မပူနဲ့ Shi .. ငါအမြန်ပြန်လာခဲ့မယ် ...'''
'Xiao Chi ...'
စာရွက်ပေါ်တွင်ရေးထားသော လက်ရေးလှများကိုကြည့်ရင်း Shi ရင်ထဲတွင်တဖြည်းဖြည်းပူပင်လာသည်။
'မဖြစ်သေးဘူး.....'
Shi တစ်ယောက်တည်းရေရွတ်မိရင်း ထလိုက်ကာ ဝတ်ရုံများကိုဝတ်လိုက်သည်။ တစ်ချက်လှုပ်လိုက်တိုင်း ကျောပြင်ကဒဏ်ရာကတစ်ချက်အောင့်သွားသောလည်း ထိုနာကျင်မှုသည် သူချစ်သောသူအတွက်ပူပင်နေရမှုတို့ကိုတော့မမှီနိုင်ပေ။ Chiyo ကားတစ်ယောက်တည်းထွက်သွားသည်ဖြစ်ရာ Komo ၏ရဲမက်များနှင့်တွေ့ပါမူ ခက်ချေတော့မည်ဖြစ်သောကြောင့် Shi ဤနေရာတွင်ဘယ်လိုမှစောင့်ဆိုင်း၍မနေနိုင်။
အပြင်ကိုထွက်လိုက်တော့ ရာသီဥတုကပိုအေးလာပြီး ညနေစောင်းကာမှောင်ရီပျိုးနေပြီဖြစ်သည်။ ဤ Yin နိုင်ငံ၏ဆောင်းသည်အခြားနိုင်ငံများနှင့်မတူပဲ ပိုမိုချမ်းအေးလှသည်ဖြစ်ရာ နှင်းထုအောက်သို့ရောက်ချိန်တွင် Shi ဒဏ်ရာတို့ကတဆစ်ဆစ်ကိုက်ခဲလာသည်။
သို့သော်လည်း Shi မှာမူ ဘာကိုမျှမှုမနေပဲ ထိုနေရာမှ မြင်ဒုန်းစိုင်းစီးကာထွက်ခဲ့လေသည်။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...