Zawgyi
သွေးရောင်ခြယ်နှလုံးသား Ep 30
ဖြူ ဖျော့ဖျော့ စကားပန်းကလေးများ၏ ရနံ့သည် တောပန်းများအကြားဖြတ်ဝင်စီးဆင်း လွင့်ပျံနေရင်း ကြည်စိမ်း အေးစိမ့်သော ရေများ ကျဆင်းနေသည့်ရေတံခွန်လေးဆီရောက်သောအခါတွင်တော့ သူ၏သင်းရနံ့တို့ကိုရပ်တန့်ပေးလိုက်ရတော့သည်။ ရေတံခွန်စီးသံ တရှဲရှဲတွင် သစ်ရွက်များကိုပွတ်တိုက်သည့်လေညှင်း၏အသံကလည်း ပါဝင်လေရာ ထိုဝန်းကျင်တစ်ခုလုံးသည် သဘာဝ၏အသံတို့ဖြင့် ပြည့်လျှံနေလေသည်။ ငှက်ငယ်တို့၏ သီကျူးသံများကလည်း ထိုသဘာဝတေးသွားကို ကူညီပံ့ပိုးသည့် တူရိယာတစ်မျိုးပင်ဖြစ်သည်ဟု ဆိုရလောက်အောင် ရေကန်ငယ်သည် သာယာနေ၏။
နေ၏အလင်းရောင်စူးစူးကို တိမ်ထုဖြူ များကာကွယ်ပေးထားသောကြောင့် တောအုပ်ကလေးအထဲရှိထိုရေကန်သည် နေပျောက်ပင်မထိုးပဲရှိလေသည်။
ရေကန်ထဲတွင် အဝတ်ဗလာဖြင့် တစ်ယောက်တည်း
ကူးခတ်နေသော Chiyo သည် ရေ၏စိမ့်အေးနေပုံကို သဘောကျ၍ ပျော်တပြုံးပြုံးဖြစ်နေ၏။ သူ့မျက်နှာနုနုသည်လည်း ရေကဲ့သို့ပင် ကြည်လင်တောက်ပနေသည်။သူရေစိမ်နေသည့်နေရာမှ ကြည့်လျှင် အဆင့်ငါးဆင့်ရှိသောရေတံခွန်ကိုမြင်ရပြီး တောင်တန်းနှင့်ကောင်းကင်က နောက်ခံပိတ်ကားတစ်ခုသဖွယ် အလှဆင်ထားသည်။ Chiyo သည် တောကစားထွက်ရင်း ဤနေရာကလေးကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မနေနိုင်တော့ပဲရေဆင်းချိုးနေခြင်းဖြစ်သည်။
' Shi ...... '
Chiyo သည် ကန်စပ်တွင်ရပ်စောင့်နေသော Shi ကိုလက်လှမ်းပြလိုက်သည်။ ကိုယ်ရံတော် အဖွဲ့ကတော့ ထိုရေကန်ပတ်ဝန်းကျင်တွင် ကင်းစောင့်နေကြ၏။
' ဆင်းလာခဲ့ .....'
ဟု သူကပြောလိုက်သော်လည်း Shi ကခေါင်းကိုခါသည်။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...