Ep 32

3.2K 339 49
                                    

Update အရမ်းကြာသွားတဲ့အတွက်​ ​စောင့်​ဆိုင်း​နေရတဲ့တစ်​​​ယောက်​ချင်းစီကို ​တောင်းပန်​ပါတယ်​​နော်​ ..။ 😥😥😥 တစ်​ကယ်​​တောင်းပန်​ပါတယ်​ T.T
ခုကစပြီးဇာတ်​သိမ်းထိ တစ်​​နေ့နှစ်​ပိုင်းပါ 😁
❤ချစ်တယ်​❤😘😘

Zawgyi

သွေးရောင်ခြယ်နှလုံးသား Ep 32

Shi သည် Chiyo ၏မျက်နှာလေးကို သူ၏သွယ်ပျောင်းသော လက်ကလေးများဖြင့် ထိတွေ့ကိုင်တွယ်နေရင်း Chiyo အိပ်ပျော်သည်အထိစောင့်ဆိုင်းနေ၏။ ထို့နောက် Chiyo အိပ်မောကျသွားသောအခါShi သည်

သူမူလနေထိုင်ရာအဆောင်ရှိရာဘက်သို့ ထွက်လာခဲ့သည်။ မိုးဦးရာသီသို့ပြန်လည်ရောက်ရှိလာပြီဖြစ်သောကြောင့် ကောင်းကင်ပြင်သည် မိုးသားတိမ်လိပ်တို့ဖြင့် အလှဆင်ထားသကဲ့သို့ ညိုတစ်ခါ ပြာတစ်လှည့်ဖြင့် မာယာကြွယ်ကာလှပနေသည်။ တစ်ခါတစ်ခါတော့ မိုးစက်မိုးပေါက်များက ကောင်းကင်ဝယ် အညိုအမဲတိမ်စိုင်ခဲများအဖြစ်တည်ရှိနေပြီး တစ်ခါတစ်ခါတွင်တော့ ကောင်းကင်ကိုမုန်းတီးနေသည့်အလား မြေပြင်ပေါ်သို့ ပြေးဆင်းလာကြပြန်သည်။

Shi သည် အဝေးတွင် ရွာဟန်ပြင်နေသော မိုးသားများကို ငေးကြည့်လိုက်သောအခါ စိတ်ထဲတွင် သာယာငြိမ်းအေးမှု အချို့ကိုခံစားရသည်။ သူ့စိတ်ထဲတွင် ငြိမ်းချမ်းနေခြင်းက သာယာနေသော ရာသီဥတုကြောင့်မဟုတ်၊ အိပ်ဆောင်တော်ထဲတွင် လုံခြုံနွေးထွေးစွာ အိပ်စက်ကျန်ရစ်နေခဲ့သော သူ၏ချစ်သူကြောင့်သာ ဖြစ်လေသည်။ Chiyo အကြောင်းကိုတွေးမိသောအခါ သူသည်ပျော်ရွှင်လာမိပြန်၏။

သို့သော် ယခုအချိန်တွင်တော့ ပြည့်ပြည့်ဝဝမပျော်ရွှင်နိုင်သေး။ သူ့အတွက် ပူပန်စရာတစ်ခုကကျန်နေသေးသည်။ ထိုပူပန်စရာကိစ္စကား အခြားမဟုတ်။ သူ့အတွက် Chiyo နှင့်ထပ်တူ အရေးကြီးသောသူ Akiyo ပင်ဖြစ်လေသည်။ ပြီးခဲ့သည့်ရက် Aki သူနှင့်စကားများပြီးကတည်းက သူAki ကို မတွေ့ရတော့ပေ။ ထိုကြောင့် ယခု Aki နေထိုင်ရာအိပ်ဆောင်ဘက်သို့ထွက်လာခြင်းဖြစ်သည်။

“Aki …”

Shi ၏ခေါ်သံသည် ကြားနိုင်လောက်သော အနေအထားဖြစ်သော်လည်း Aki ပြန်မထူးပေ။ Aki သည် တိုင်လုံးကြီးကိုမှီကာ သောက်လက်စ သေရည်ကိုဟန်ချက်မပြတ်ဆက်သောက်နေသည်။ သူ့မျက်လုံးများသည်လည်း Shi ကိုမကြည့်ဘဲ တစ်ခြားကို အကြည့်လွှဲလို့ထား၏။ တည်နေသောမျက်နှာတွင် ပြုံးရိပ်ပြုံးယောင်ဆိုသည်မှာလည်း ရှာဖွေလို့မရနိုင်လောက်အောင် ရှားပါးနေသည်။ သူသည် Shi အားစိတ်ဆိုးနေဆဲပင်ဖြစ်၏။

သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+UnicodeWhere stories live. Discover now