Zawgyi
သွေးရောင်ခြယ်နှလုံးသား Chapter 16
"Shi............"
မြူနှင်းတို့ဝေကာ အုံ့မှိုင်းနေသော ဝါးတောအတွင်း ဝါးရွက်များကိုပွတ်၍တိုက်လာသောလေသံ နှင့် မြင်းခွာသံတို့ ရောထွေးနေသည့်အကြားက ပေါ်ထွက်လာသော Chiyo ၏အသံ။
နောက်မှ တစ်သီကြီးလိုက်လာသော ရဲမက်တို့ကိုတိမ်းရှောင်ရင်း Shi နှင့် Chiyo ဤတောအုပ်အထိရောက်လာကြခြင်းဖြစ်သည်။ သို့သော် မြင်းတစ်ကောင်တည်းကိုနှစ်ယောက်အတူစီးကာနှင်လာခြင်းကြောင့် မြင်း၏ပြေးနိုင်စွမ်းလျော့ပါးလေရာ ရဲမက်တို့ကိုကောင်းကောင်းမျက်ခြေမဖြတ်နိုင်သဖြင့် Komo ၏ရဲမက်တို့က သမင်ကိုအမဲလိုက်သောမုဆိုးတို့ပမာ အသဲအမဲလိုက်လာကြခြင်းဖြစ်သည်။
"Shi......"
မိမိ၏ကျောပြင်နောက်မှ Shi ကို Chiyo စိုးရိမ်ကြီးစွာခေါ်နေမိသည်။ အနောက်မှနေ၍ သူတို့ဆီသို့ ဦးတည်ကာ ဝဲပျံလာသောမြားတို့၏လေကိုခွင်းသည့်အသံ။ ထိုမြားတို့၏အသံထဲမှ အသားစိုင်တစ်ခုကိုထိုးဖောက်သွားသည့် မြားတစ်စင်း၏အသံကို Chiyo ကောင်းစွာကြားလိုက်ရသည်။
"Shi.........."
Shi ကအနောက်မှနေ၍ ဆွဲကိုင်ထားသောမြင်းဇတ်ကြိုးကို ထပ်၍ထပ်၍ဆောင့်ဆွဲလေရာမြင်းကလည်းအရှိန်တစ်စက်မှမလျော့သောကြောင့် Chiyo စကားကရှေ့ကိုမဆက်နိုင်။
"Shi.......မင်းထိသွားတယ်မလား.......မြင်းကိုရပ်လိုက်တော့...........ငါအဖမ်းခံလိုက်တော့မယ်......"
Shi ကား Chiyo စကားကိုမကြားသည့်နှယ် မြင်းကိုဆက်နှင်၏။
"Shi..........."
"ရှေ့မှာလမ်းခွဲတွေရှိတယ်......အဲ့အထိရောက်ရင်....မျက်ခြေဖျက်လို့ရပြီ........"
Chiyo က မြင်းကိုရပ်ရန်, Shi ဆီမှ မြင်းဇတ်ကြိုးကို လုဖို့ကြိုးစားသော်လည်း Shi လက်များကခွင့်မပြုပါပေ။
ဤသို့ဖြင့် လမ်းခွဲ လေးခုစုံသောနေရာသို့ရောက်သောအခါ ဘေးအစွန်ဆုံးလမ်းခွဲသို့ Shi ဝင်လာ၏။ ထိုလမ်းထဲတွင် နောက်ထပ်လမ်းခွဲနှစ်ခုထပ်ရှိသေးသည်ကို Shi သိထားသောကြောင့်ဖြစ်သည်။
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...