Zawgyi
သွေးရောင်ခြယ်နှလုံးသား Chapter 12
You Min အရှေ့သို့ Shi ရောက်သွားသည်နှင့် You Min တစ်ခုလုံးစည်ကားသိုက်မြိုက်နေသည်ကိုတွေ့ရသည်။ ဤနေရာသည်ညစဉ်ညတိုင်းစည်ကားနေသောနေရာဖြစ်ပြီး သူဘယ်တုန်းကမှမလာချင်ခဲ့သော၊ လာဖို့စိတ်တောင်မကူးခဲ့ဖူးသောနေရာဖြစ်သည်။ ယခုတော့ Chiyo ကြောင့်ဤနေရာသို့ဒုတိယအကြိမ်ပင်ရောက်လာရပြီ။
"ကြွပါ..... ကြွပါ.........သခင်လေး ..LanLan ... .Milu..
....ဧည့်သည်ကိုလာခေါ်လေ..........'အနားသို့ကပ်လာသောမိန်းကလေးများရပ်တန့်သွားစေရန် Shi လက်တစ်ဖက်မြှောက်ကာ ကာပြီး
"မလိုဘူး........Xingye.......ဆိုတဲ့သူဘယ်မှာလဲ......."
ဟုပြောလိုက်သည်။ Shi မျက်နှာသည် ခံစားချက်မရှိသကဲ့သို့ မာကျောအေးစက်နေပြီး နှုတ်ခမ်းများကလည်းတည်လို့နေသည်။ မျက်လုံးများမှာလည်းတည်ငြိမ်လွန်းပြီးဘယ်နေရာကိုမှမကြည့်ပဲ တစ်နေရာဆိုတစ်နေရာသာစူးစိုက်ကြည့်နေသည်။
"Xingye လား......အင်း.....သူအထဲမှာရှိမှာပေါ့....."
သူတို့ကိုမခေါ်ပဲ Xingye ကိုရှာသည့်သူဖြစ်သောကြောင့် အကုန်လုံးအနားမှပြန်ခွာသွားကြသည်။
အားလုံးပြန်ထွက်သွားချိန်တွင် Shi လည်းဘာကိုမှဆက်မကြည့်နေတော့ပဲအထဲသို့ဝင်လာခဲ့သည်။ အထဲတွင် အရောင်စုံအရွယ်စုံမိန်းမလှလေးများ၊ ယောက်ျားငယ်လေးများ များပြားလှသည်။ ဧည့်သည်များအားလုံးမှာလည်းအတော်လေးကိုပျော်မွေ့နေသည့်ပုံပေါက်သည်။ ဖျော်ဖြေကပြနေသော အကမယ်များကိုလည်းတွေ့ရသည်။ ပိန်သွယ်သောခန္ဓာကိုယ်လေးများတွင်ခပ်ပါးပါးဝတ်ရုံရှည်များဝတ်ကာ ကပြနေသည်မှာကြိုးကြာကလေးများပျံနေသည့်အလားလှပနေသည်။
အထဲကိုရောက်တော့ Shi မျက်လုံးလေးတစ်ချက်ဝှေ့ကြည့်ကာ Xingye ကိုရှာမိသည်။ အဝေးမှ တစ်ကြိမ်တစ်ခါသာတွေ့ခဲ့ဖူးသော်လည်း Xingye ကိုမှတ်မိသလိုတော့ရှိသည်။ လူကောင်ကခပ်သေးသေးဖြစ်ပြီး ဝတ်ထားသောဝတ်ရုံထဲတွင်လူကမြုပ်နေသည်။ မျက်လုံးဝိုင်းလေးများက သူများနှင့်မတူအောင်မည်းနက်လှပသည်။ ပြုံးလိုက်လျှင်သွားစွယ်လေးများပေါ်လာတတ်သည်။
![](https://img.wattpad.com/cover/136128073-288-k116862.jpg)
YOU ARE READING
သွေးရောင်ခြယ်နှလုံးသား Complete ( BL OC ) Zawgyi+Unicode
Historical Fictionကျွန်တော် ထိတွေ့ခွင့်မရှိတဲ့... ကျွန်တော် ငေးကြည့်နေရတဲ့... ကောင်းကင်ကြီးက သူ့ပိုင်ရှင်လက်ထဲ ပြိုဆင်းပေးလိုက်မယ်ဆိုရင်ရော... ပိုင်ဆိုင်လိုခြင်းအလျှဉ်းမရှိပဲ ငေးကြည့်နေရခြင်းကိုသာကျေနပ်တဲ့ကျွန်တော်က ငေးကြည့်နေခွင့်ကိုတောင်ဆုံးရှုံးလိုက်ရမယ်ဆိုရင်ရော...