" Castiel .... Cas ? ပုန်းမနေနဲ့တော့ Daddy ဆီ ပြေးလာခဲ့ "ပန်းခြံထဲမှာ နောက်ကနေ Arthit နဲ့ Namtarn က တိတ်ဆိတ်စွာ အတူ တွဲလျှောက်လာပေမယ့် အရှေ့က လျှောက်နေတဲ့ Kongpop နဲ့ Cas ကတော့ တဟီဟီနဲ့ ဆော့ကောင်းနေတယ် ။
အခုအခြေအနေအရ ကောင်မလေးမျက်နှာက ခုနဆိုင်ထဲကို ဝင်လာတုန်းကလို ပြုံးပြုံးရွှင်ရွှင်မျက်နှာနဲ့ မဟုတ်တော့ပဲ မှုန်ကုတ်ကုတ်။
Arthit ကတော့ ကောင်မလေးဘေးက ကပ်လျှောက်ရင်း လက်နှစ်ဖက်ကို ပွတ်လိုက် လည်ပင်းပွတ်လိုက်နဲ့။ Kongpop လှည့်လှည့်
ကြည့်လိုက်တိုင်း မျက်စောင်းတခဲခဲ..Kongpop ကလည်း ဒီလိုအခြေအနေမျိုးမှာ ဘာလို့ ဟီနေနိုင်ရတာလဲ ဆိုတော့ .........
" Cas ! အန်တီလာတယ် "
ဆိုင်ထဲကို ဆံပင်အညိုရောင်ပိုင်ရှင်ကောင်မလေးဝင်လာတာနဲ့ Arthit မျက်နှာက ရုတ်တရက်ပျက်သွားတယ် ။ Kongpop တချက်လှမ်းကြည့်ကာ လှသားပဲလို့ တွေးလိုက်ပေမယ့် စိတ်ဝင်တစားဖြစ်တဲ့စိတ်မရှိ။
Arthit ရဲ့လက်မောင်းကို ကိုင်ပြီး ဆွဲဖက်ကာ နှုတ်ဆက်တဲ့ အပြုအမူကို မြင်မှ စိတ်ထဲက မတင်မကျ။
" ဪ .. Cas က အဖော်ရနေတာကိုး "
ကိုယ်နဲ့တော့မသိပေမယ့် ပြုံးပြနှုတ်ဆက်လာတဲ့ ကောင်မလေးကို Kongpop က လူမှုရေးအရ ပြန်ပြုံးပြနှုတ်ဆက်လိုက်တယ်။ Cas က ဝမ်းသာအားရနဲ့ ခုံပေါ်က ထပြီး
" ဒါ Cas ရဲ့ Da..d ....... "
" အဟမ်း! "
ဘာဖြစ်တာလဲ ?
Arthit ဆီက ချောင်းဟန့်သံ ထွက်လာတော့ Cas က အသံတိတ်နဲ့ ခုံမှာ နှုတ်ခမ်းစူကာ ပြန်ထိုင်သွားတာကြောင့် Kongpop က နားမလည်နိုင်စွာ Arthit ကို လှမ်းကြည့်တယ်။
Arthit က Cas နဲ့ Kongpop ဘက်ကို လုံးလုံးမကြည့်တော့ဘဲ
" Namtarn .. ငါ နင်လာမှာမို့လို့ နင်ကြိုက်တတ်တဲ့ ပူတင်းလုပ်ပေးထားတယ်။ စားပြီးတော့မှ Cas နဲ့ ပန်းခြံဘက် လမ်းလျှောက်ချင်လျှောက်ပေါ့ "
" နင်ပါ လိုက်ခဲ့ရမယ်နော် .. Cas ရယ် နင်ရယ် ငါရယ် တူတူသွားကြမယ် .."
![](https://img.wattpad.com/cover/140940920-288-k558363.jpg)
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...