Both of you ( U )

5.1K 427 4
                                    


Earth အနေနဲ့ ဒီ PhiChit မြို့ကို ပြန်လာဖို့ဆုံးဖြတ်ခဲ့တာက ...... မောင်လေး မသိသေးတဲ့ သူ့ရဲ့ကလေးလေးအတွက် အသိစိတ်ရှိရှိနဲ့ အခုချိန်မှာ အဖေနေရာကနေ တာဝန်ယူစေချင်လို့ပဲ။

မိန်းကလေးနှစ်ယောက် မွေးပြီး ၁၀နှစ်အကြာမှ ရလာတဲ့ သားရတနာမို့ Kongpop ကို Phor နဲ့ Mae က အရမ်းအလိုလိုက်တော့ ငယ်ငယ်လေးတည်းက Kongpop ဟာ ဆိုးချင်တယ် ။

အိမ်ကလူတွေအပေါ်မှာ သိတတ်သလောက် အပြင်ရောက်တာနဲ့ Phor ရဲ့အရှိန်နဲ့ မြို့က
လူတွေကို တည့်အောင်မပေါင်း ၊ မကြည်တဲ့သူဆို အနိုင်ကျင့် ၊ မထင်သလို နေတတ်တော့ Kongpop ကို အကြောင်းသိတဲ့လူတွေကကြည့်မရပေမယ့် ကြောက်လည်း ကြောက်နေရပြန်ရော။

ကိုယ် နဲ့ Jeer က လူချစ်လူခင်ပေါသလောက်
တစ်ရက်တစ်ရက် Kongpop ရှာလာတဲ့
ပြဿနာပေါင်း သောင်းခြောက်ထောင်ကို မြင်ရကြားရတာ စိတ်ညစ်လွန်းလို့ ညီအစ်မနှစ်ယောက်လုံး တခြား ဝေးရာမြို့တွေဖြစ်တဲ့
ကိုယ်က PhiChit ကို ၊ Jeer က Chanthaburi ဘက်ကို ရွေးကာ တာဝန်ပြောင်းရွေ့ယူခဲ့ကြတာ။

ဆိုးသမျှကို ဒိုင်ခံဖြေရှင်းပေးတဲ့ Mae ကြောင့် ဗိုလ်ကျတတ်တဲ့ Kongpop အကျင့်က မပျောက်။ Phor ကလည်း ဒါတွေကို သိနေပေမယ့် Mae က အမြဲ ကာဆီးကာဆီး ဖုံးဖိပေးတတ်လို့ မသိချင်ယောင်နေတော့တာ။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က Kongpop ဟာ ကောင်လေးတစ်ယောက်နဲ့ တွဲနေပါတယ်ဆိုတဲ့ သတင်းက ကိုယ့်နားထဲ ရောက်လာတယ်။

Kong က ?
ငယ်ငယ်လေးတည်းက မိန်းကလေးတွေရဲ့စိတ်ဝင်စားမှု အများဆုံးခံရတဲ Kongpop က
သွားလေရာမှာ အီစီကလီလေးတွေ ထားခဲ့စမြဲ။ ဒါပေမယ့် ယောကျ်ားလေးနဲ့တွဲတယ် ဆိုတဲ့သတင်းတော့ တစ်ခါမှ မထွက်ဖူး။

" သား Kong .. P'Earth နဲ့ P'Jeer မျက်နှာထောက်ပြီး မိန်းကလေးတွေကို
ပန်းကောင်းအညွှန့်ချိုး မလုပ်ရဘူးနော် "

" သူလား ရှောင်မှာ P'Earth ရယ် .. ပြုံးစိစိလုပ်နေပုံကိုပဲ ကြည့်ပါလား။ ရောဂါမရလာဖို့နဲ့ ဗိုက်ကိစ္စပဲ အရင် မှာစမ်းပါ "

Jeer က ရည်းစားထည်လဲတွဲတဲ့ Kongpop
အကြောင်းကို သိတယ်။

အဲ့ကိစ္စကြားတုန်းက အိမ်ကို သား Kong နဲ့ ကောင်လေးကိစ္စ ဖုန်းဆက်မေးကြည့်တော့ Mae က

I want even your name , Arthit ( mpreg )Where stories live. Discover now