" Kongpop ... မင်း ဘယ်လိုဖြစ်နေလဲ !? Cas ရှိတယ်နော် "
အိမ်အသေးလေးရဲ့မီးဖိုချောင်အခန်းကနေ Arthit ရဲ့အသံခပ်အုပ်အုပ်က Kongpop ရဲ့ ကြိတ်ရယ်သံတိုးတိုးနဲ့ အတူ တွဲထွက်လာတယ်။
အပေါ်ထပ်အခန်းကနေ အိပ်ရေးမဝသေးတဲ့ပုံနဲ့ အောက်ကိုဆင်းလာတဲ့ Cas က မီးဖိုခန်းဘက်ကို ကြည့်ကာ မျက်လုံးလေးကလယ်ကလယ်။
Daddy ရောက်နေတာလား ?? Daddy ကအပြင်လျှောက်လည်ဖို့ လာခေါ်တာ ထင်တယ်။
အပြေးအလွှားဆင်းလာရင်း မီးဖိုချောင်ထဲပြေးဝင်ဖို့အလုပ်
" P'Arthit ကလည်း ... ကျွန်တော်က တူတူရှိနေတဲ့အချိန်လေးပဲ ဒီလို ... "
" Kongpop !!! "
Arthit ရဲ့ အော်သံကြားတာနဲ့ Cas မဝင်ရဲတော့ဘဲ အခန်းဝကနေ ချောင်းကြည့်လိုက်တယ်။
ဟုတ်တယ်လေ.. အရင်က ကြားဖူးခဲ့တဲ့ ဒီလိုအော်သံမျိုးဆိုတာ Papa က သူ့အနားမကပ်စေချင်ရင် အော်တဲ့အသံမျိုးမလား ?
ဟိုပစ္စည်းထုတ် ဒီပစ္စည်းထုတ်နဲ့ အလုပ်ရှုပ်နေတဲ့ Arthit ရဲ့ နောက်ကို တကောက်ကောက် လိုက်ကပ်ကာ ကူပေးမလိုလို တမင်ပဲ နှောင့်ယှက်နေသလိုလို ဖြစ်နေပုံရတဲ့ Kongpop ကို Cas က မျက်မှောင်လေးကြုတ် စိုက်ကြည့်ကာ အကဲခတ်နေတယ်။
အရင်ကဆို Daddy က ဒီကိုရောက်တာနဲ့ Cas ကို အရင်ဆုံး လာနှိုးနေမြဲဟာ.. ။
အခုကျတော့ Papa နဲ့ မီးဖိုချောင်ထဲမှာ စိန်ပြေးလိုက်တမ်း ကစားနေသလိုလို ... ဘာလို့ Cas ပါ ခေါ်မဆော့တာလဲ ?
" Cas ? Romiie တူလေးက နိုးနေပြီလား ? "
လက်ထဲမှာ ပန်းစည်းတပွေ့တပိုက်နဲ့ ဘေးနားမှာထိုင်ချလာတဲ့ ဦးလေးဖြစ်သူကို Cas က ခေါင်းညိမ့်ပြလိုက်ရင်း
" Daddy ဆူခံနေရပြန်ပြီ ထင်တယ် "
အဖေတွေရှိရာဘက်ကို လက်ညှိုးလေး ထိုးပြကာ နှုတ်ခမ်းပေါ် လက်တင်ရင်း
" Cas လေ ခု အီအီးပါချင်နေပြီ "
" ဒါများ သား Daddy ကို ဘာလို့ သွားမခေါ်လဲ လာ !! Romiie လုပ်ပေးမှာပေါ့ "
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...