" မင်း အခန်းသက်သက် ယူမထားဘူးလား ? "
အပေါ်ကုတ်အင်္ကျီကို ချွတ်ကာ ကုတင်ပေါ် ပစ်တင်ပြီး အနောက်လှည့်ကြည့်ပြောလာတဲ့ Arthit မျက်နှာက စိတ်ရှုပ်နေဟန်အပြည့်။ ပြီတီတီနဲ့ တံခါးကို ပိတ်ကာ နောက်က ကပ်လိုက်ဝင်လာတဲ့ Kongpop ကို မကြိုက်သည့် ပုံစံ။
" မလိုဘူးလေ ပိုက်ဆံပိုကုန်တာပေါ့။ ဒီမှာ နေလို့ ရနေတာပဲဟာ "
" ဒါမျိုးကျ လာကပ်စီးကုတ်နေတယ်။ Kongpop နော် .. တခြားအကြံနဲ့ မင်း ဒီမှာလာအိပ်တာဆိုရင်တော့ .. "
" အင်း တခြားအကြံနဲ့ လာတာ "
Kongpop ဖြတ်ပြောလိုက်တဲ့ စကားကြောင့် စိတ်အေးလက်အေးနဲ့ အင်္ကျီကြယ်သီးဖြုတ်ရင်း ပွစိပွစိလုပ်နေတဲ့ Arthit က မျက်လုံးပြူးကာ အလန့်တကြား လှည့်ကြည့်လာရင်း
" ထွက်လိုက်တော့ ဒါဆို "
" P'Arthit ကလည်း ... ဒီမှာ ဘယ်သူမှလည်းရှိနေတာ မဟုတ်ဘူး။ အိမ်မှာဆို P' က ကျွန်တော့်ကို သားအကြောင်းပြပြီး ရှောင်နေတာ ... ဒါမှမဟုတ် ကျွန်တော့်ကို အခုထိ မုန်းနေသေးတာလား ? "
Kongpop က ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ် မှီထိုင်ရင်း မေးလာတဲ့မေးခွန်းကြောင့် Arthit လည်း လည်ချောင်းရှင်းလိုက်ရင်း Kongpop ဘေးနားကို ဝင်ထိုင်လိုက်တယ်။ ဘေးနားကနေကြည့်ပြန်တော့လည်း ခုနကလို တက်ကြွနေတဲ့ မျက်လုံးလေးတွေ Kongpop ဆီမှာ မတွေ့ရတော့ ...။
" မုန်းတာမှ မဟုတ်တော့ဘဲ ... ငါ .. ငါ အဲ့လိုမနေ .. "
" ကျွန်တော် အကြာကြီး စောင့်နေခဲ့ပြီးပြီ။ P' ယုံကြည်မှုရလာအောင်လည်း ကျွန်တော် လိမ်လိမ်မာမာနေနေတယ်။ ကျွန်တော် အရင်လိုမဆိုးတော့ရင် P' ကျွန်တော့်ကို လက်ခံပေးလာမယ်ပဲ ထင်တာ "
ငြင်းမယ့်စကားက Kongpop စကားဝင်ဝင်ဖြတ်ပြောတာနဲ့ ပြတ်ပြတ်သွားတော့ ဖြောင်းဖျဖို့လုပ်နေတဲ့ Arthit လည်း Kongpop ဘေးမှာ ခြေပစ်လက်ပစ် မှီချလိုက်တယ်။
Kongpop က ကိုယ့်အတွက် အရာရာပြောင်းလဲပေးခဲ့ပြီးပြီ။ အိမ်ထောင်ဦးစီး တစ်ယောက်အဖြစ်နဲ့လည်း အလုပ်ကြိုးစားတယ်။ မိဘတွေအတွက်လည်း အရင်လို ပြဿနာလိုက်ရှင်းနေရတဲ့ အဖြစ်မျိုးတွေ မရှိအောင် နေပေးလာတာလည်း အမှန်။
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...