တစ်ပတ်ရှိပြီ ..
P'Arthit ရဲ့ကော်ဖီဆိုင်လေးကို သွားပြီး သားလေးနဲ့အတူတူ တစ်နေကုန်ရှိနေရတာ ..ပြီးတော့ P'Arthit ရဲ့မျက်နှာကို နေ့တိုင်း မြင်ရတာ တစ်ပတ်ရှိပြီ။
P'Rome က ခါးခါးသီးသီး မဆက်ဆံပေမယ့် P'Arthit ကတော့ အရင်လို ရုပ်တည်နဲ့။ ကိုယ့်ဘက်က စကားပြောရင်တောင် ပြန်ပြောတဲ့အချိန်ဆိုတာ ခပ်ရှားရှား။
အရင်က အဲ့ဒီမျက်နှာဖူးဖူးလေးမှာ ပါးချိုင့်လေးပေါ်တဲ့အထိ ပြုံးပြတတ်တဲ့ အပြုံးလေးရှိခဲ့ဖူးတယ် .. ဘားရောက်သွားတိုင်း ကိုယ်ဟာ ထိုင်နေကျ ထောင့်ဆုံးခုံနေရာကနေ အမြဲထိုင်ငေးဖြစ်တဲ့ အပြုံးမျိုး :)
အဲ့ချိန်တုန်းက ....
ဘားကို သွားတိုင်း ကိုယ့်မှာ ထည်လဲတွဲစရာ ကောင်မလေးတွေက ပါစမြဲ။ Phor ရဲ့အရှိန်အဝါကြောင့် ကိုယ့်မကောင်းသတင်းဆိုတာက ဘယ်သူမှ မပြောရဲကြ။ ကောင်မလေးတွေကို တွဲလိုက် လိုက်အိပ်လိုက်နဲ့သာ အချိန်တွေကုန်ခဲ့တာ.. အချစ်ဆိုတာ သေချာမသိခဲ့တဲ့ အချိန်။
သူငယ်ချင်းတွေနဲ့ ဘားမှာ ဆေးချရင်လည်း
ချလိုက်တာပဲ။ အခန်းယူပြီး စော်တွေနဲ့ အိပ်ကြမယ်ဆို အိပ်လိုက်တာပဲ။ ရန်ပွဲတွေဆိုလည်း အဲ့ဘားနောက်မှာပဲ ရှင်းခဲ့တာ များတယ် ။ဘားပိုင်ရှင်ကိုယ်တိုင်က ကိုယ့်သူငယ်ချင်းအရင်းကြီး ဖြစ်နေခဲ့တဲ့အတွက် ကိုယ်သောင်းကျန်းသမျှဟာ ဒီဘားထဲက လူငယ်တွေ ပါးစပ်ထဲမှာပဲ တဝဲလည်လည်ရှိတာ .. လူကြီးတွေဆီ ပြန်မရောက်ခဲ့။
ဆိုင်ကယ်တွေ အုပ်စုလိုက် ပတ်မောင်းတဲ့အုပ်စု၊ မြို့ထဲက လမ်းမတွေမှာ ပြိုင်ကားတွေ နင်းကန်မောင်းတဲ့အုပ်စုဆို ကိုယ်တွေအုပ်စုမှန်း တန်းသိတယ် ။
အခုချိန်ထိလည်း အဲ့ဒီအကျင့်တွေကို ဖျောက်လို့ မရ။ P'Earth နောက်ကို မလိုက်လာရရင် ကိုယ်ဟာ သောင်းကျန်းနေမြဲ သောင်းကျန်းနေလောက်တယ်။
ဖြောင်း !
" Kongpop ! နင့်ကိုနင် မိန်းမတိုင်းကို ရလိမ့်
မယ်လို့ မထင်နဲ့။ နင့်အမေ ငါ့ကို သိပ် ချွေးမတော်ချင်နေလို့ နင်က ကြိုးစားပေးနေတာ
ဟုတ်လား !? အေး ရှင်းရှင်းပဲ ငါ နင့်လို အယုတ်တမာမျိုးကိုလည်း တစ်သက်လုံး လှည့်မကြည့်ဘူး "

YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...