I Love you

9K 818 64
                                    

18

" Kongpop ... မင်း ငါ့ကိုလွှဲပေးရမယ့် ပစ္စည်းတွေရောက်မလာဘူး
အဲ့ဒါဘယ်လိုလုပ်ပေးမှာလဲ ? "

ဆေးရုံအခန်းထဲကို အုပ်စုလိုက်ဝင်လာကတည်းက Jack တို့အုပ်စုမှန်း သူတန်းသိတယ်။ သတိရလာတုန်းက ဘေးနားမှာရှိနေပေးတဲ့ Aim ကလည်း ခု ဆေးရုံကန်တင်းမှာ ထမင်းဆင်းစားနေတာမို့
တားမယ့်သူမရှိ ...

" ငါနဲ့ဘာဆိုင်လဲ ? မင်း ငါ့ဆီက ပစ္စည်းဝယ်တယ် ငါမှာပေးပီးပို့ပေး
တယ် အေး ... လမ်းမှာ ဖမ်းမိရင်တော့ ဒါ ငါ့တာဝန်မဟုတ်ဘူးလို့ မင်းကိုပြောပီးသား .. "

လှဲနေရာကနေ ငုတ်တုတ်ထထိုင်ရင်းပြောမိတော့ ရုတ်တရက် ခေါင်းက ရိပ်ခနဲ မူးသွားတယ်။ ဘာလို့ ဒီရက်ပိုင်း အဲ့လောက် အားနည်းလာရတာလဲ ? ခေါင်းကို ဖိဖို့ လက်မြှောက်လိုက်တော့ ပတ်တီးတွေ
အထပ်ထပ် ပတ်ထားတဲ့ ကိုယ့်လက်ကိုယ်ကြည့်ပီး စိတ်ပျက်
လက်ပျက်နဲ့ ပြန်ချလိုက်တယ်။

" မင်း အဲ့လို ညစ်လို့ရမလားကွ !! မင်း အဖေရဲ့ အဆက်အသွယ်တွေနဲ့ မင်း ငါ့ပစ္စည်းတွေပြန်ထုတ်ပေး ..ငါ့မှာလည်းဖောက်သည်တွေနဲ့ "

အော်ဟစ်ပြောနေတဲ့ Jack က သူ့အဖွဲ့အားကိုးနဲ့မို့လို့လားမသိ အသံအရမ်းကျယ်ပြနေတယ်။ဒါပေမယ့် သူ ဂရုမစိုက်စွာနဲ့ပဲ ပုခုံးတွန့်ပြ
လိုက်ရင်း

" Jack ... ငါ လုပ်ပေးလို့မရဘူး။မင်းလိုချင်ရင် အဲ့ရဲကို
သွားသတ်ပီးမှပဲ ယူလို့ရတော့မယ် .. ပီးတော့ မင်း လေသံကို ပြင်လိုက် ငါ့ကို အဲ့လေသံနဲ့ လာမပြောနဲ့ "

ခေါင်းကိုက်နေရတဲ့ ကြားထဲ ကုတင်နားမှာခေါက်တုံ့ခေါက်ပြန်
ဂဏာမငြိမ်စွာလျှောက်နေတဲ့ Jack က သူ့မျက်နှာနားမှာ
လက်ဝှေ့ယမ်းရင်း

" Kongpop .. မင်း ကြားထဲက ယူလိုက်တာမလား ? မင်း ဖြတ်စား
လိုက်တာမလား ? "

" ဖြတ်စားရအောင် မွဲနေလို့လား ငါက ? "

Jack နဲ့ သူနဲ့ ပစ္စည်းအရောင်းအဝယ်လုပ်လာတာ နှစ်ပေါင်း
ကြာလှပီ ... ဒါပေမယ့် သူနဲ့ ဘယ်တော့မှ စကားအပြောအဆို
မတည့်ခဲ့။ အရောင်းအဝယ်စကားပြောတိုင်း Tew နဲ့ပြောခိုင်းခဲ့ပေမယ့် ဒီတခေါက်တော့ Jack ရဲ့ ပစ္စည်းတွေကို သယ်သွားတဲ့ကောင်ကို
လမ်းမှာတင် ရဲတွေဖမ်းမိသွားတာကတော့ သူလည်း ဘာမှ
မတတ်နိုင်။

I want even your name , Arthit ( mpreg )Where stories live. Discover now