" Kongpop ... မင်း ငါ့ကို လွှဲပေးရမယ့် ပစ္စည်းတွေ ရောက်မလာဘူး။ အဲ့ဒါ ဘယ်လိုလုပ်ပေးမှာလဲ ? "
ဆေးရုံအခန်းထဲကို အုပ်စုလိုက် ဝင်လာတည်းက Jack တို့အုပ်စုမှန်း Kongpop က တန်းသိတယ်။ သတိရလာတုန်းက ဘေးနားမှာ ရှိနေပေးတဲ့ Aim ကလည်း ခု ဆေးရုံကန်တင်းမှာ ထမင်းဆင်းစားနေတာမို့ တားမယ့်သူမရှိ ...
" ငါနဲ့ ဘာဆိုင်လဲ ? မင်း ငါ့ဆီက ပစ္စည်းဝယ်တယ် ငါမှာပေးပြီး ပို့ပေးတယ် အေး ... လမ်းမှာ ဖမ်းမိရင်တော့ ဒါ ငါ့တာဝန်မဟုတ်ဘူးလို့ မင်းကို ပြောပြီးသား .. "
လှဲနေရာကနေ ငုတ်တုတ်ထထိုင်ကာ ပြောမိတော့ ရုတ်တရက် ခေါင်းက ရိပ်ကနဲ။
ဘာလို့ ဒီရက်ပိုင်း အဲ့လောက် အားနည်းလာရတာလဲ ?
ခေါင်းကို ဖိဖို့ လက်မြှောက်လိုက်တော့ပတ်တီးတွေ အထပ်ထပ် ပတ်ထားတဲ့ ကိုယ့်လက်ကိုယ် ကြည့်ကာ စိတ်ပျက်လက်ပျက်နဲ့ ပြန်ချလိုက်တယ်။
" မင်း အဲ့လို ညစ်လို့ရမလားကွ !! မင်း အဖေရဲ့ အဆက်အသွယ်တွေနဲ့ ငါ့ပစ္စည်းတွေ ပြန်ထုတ်ပေး ..ငါ့မှာလည်း ဖောက်သည်တွေနဲ့ "
အော်ဟစ်နေတဲ့ Jack က သူ့အဖွဲ့အားကိုးနဲ့ အသံ ပိုကျယ်ပြတယ်။ ဒါပေမယ့် Kongpop က ဂရုမစိုက်စွာနဲ့ပဲ ပုခုံးတွန့်ပြလိုက်ရင်း
" Jack ... ငါ လုပ်ပေးလို့မရဘူး။ မင်း လိုချင်ရင် အဲ့ရဲကိုသွားသတ်ပြီးမှပဲ ယူလို့ရတော့မယ်။ ပြီးတော့ မင်း လေသံကို ပြင်လိုက်.. ငါ့ကို အဲ့လေသံနဲ့ လာမပြောနဲ့ "
ခေါင်းကိုက်နေရတဲ့ ကြားထဲ ကုတင်နားမှာခေါက်တုံ့ခေါက်ပြန် ဂဏာမငြိမ် လျှောက်နေတဲ့ Jack က မျက်နှာနားမှာ လက်ဝေ့ယမ်းရင်း
" Kongpop .. မင်း ကြားထဲက ယူလိုက်တာ မလား ? မင်း ဖြတ်စားလိုက်တာမလား ? "
" ဖြတ်စားရအောင် မွဲနေလို့လား ငါက ? "
Jack နဲ့ ပစ္စည်းအရောင်းအဝယ် လုပ်လာတာ ကြာလှပြီ။ ဘယ်တော့မှ အပြောအဆိုလည်း မတည့်ခဲ့။ အရောင်းအဝယ်စကားပြောတိုင်း Tew နဲ့ ပြောခိုင်းနေကျဖြစ်ပေမယ့်.. ။ ဒီတစ်ခေါက်ကတော့ Jack ရဲ့ ပစ္စည်းတွေကို သယ်သွားတဲ့ကောင်က လမ်းမှာတင် ရဲတွေ ဖမ်းမိခံရတာတော့ ကိုယ်လည်း ဘာမှ မတတ်နိုင်။

YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...