" ကျွန်တော့်ရဲ့မိသားစုဝင်အသစ်တွေနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်မှ သတင်းရေးကြမှာထက်စာရင် ကျွန်တော် အသိပေးတာကို ရေးကြတာက ပိုကောင်းမယ်ထင်လို့ပါ။ အခုကိစ္စကလည်း သားအငယ်ဆုံးက သူ့အစ်မတွေထက် အရင် ဈေးဦးပေါက် သွားတယ်ပဲ ပြောရမှာပေါ့ ... "
Khun Krekalai Sutthiluck ရဲ့စကားဆုံးတာနဲ့ သတင်းထောက်တွေက သဘောတကျ
ထရယ်ကြတယ်။ဒီပွဲကို Kongpop အမေ Khun Pan က မတက်ချင်လို့ အိမ်မှာနေခဲ့သလို P'Jeer ကလည်း အရေးပေါ် ခွဲစိတ်ခန်းဝင်ရမှာမို့ မလိုက်လာဖြစ်။ Khun Krekalai နဲ့အတူ ကိုယ်နဲ့ Kongpop သာ သားကိုချီရင်း ဒီပွဲကို တက်ဖြစ်တာ..။
" သား လက်ထပ်ထားတဲ့သူက ယောကျ်ားလေးပါဆိုပြီး သတင်းထွက်နေတာက အမှန်ပါပဲ။ ကျွန်တော့်သားဘေးမှာ ထိုင်နေတဲ့သူက
ကျွန်တော့်သားမက် Arthit ပါ "ရေရွတ်သံတွေ ဆူညံသွားတာနဲ့ တပြိုင်နက်
ကင်မရာမီးအလင်းတွေက Arthit တို့ ထိုင်နေတဲ့ဘက်ကို တလက်လက်။ဒါတွေကြောင့် စိတ်မညစ်ရဘဲ ဘေးမှာ သွား
၃၂ ချောင်းလုံးပေါ်အောင် ရယ်ရင်း ခြေချိတ်ထိုင်ကာ ပဲပေးနေတဲ့ Kongpop ကြောင့်သာ စိတ်က ခို့လို့ခုလုဖြစ်နေရတယ်။" Khun Kongpop ခင်ဗျာ .. အိမ်ထောင်ဖက်ဘက်ကို နည်းနည်း တိုးထိုင်ပေးလို့မရဘူးလား ? သတင်းစာထဲ ထည့်ဖို့က ချစ်ချစ်ခင်ခင် ဖြစ်နေတဲ့ပုံလေး ထည့်မှဖြစ်မှာမို့လို့ပါ "
မနေ့ညတည်းက တောက်ခေါက်ထွက်သွားတဲ့
လူက ပြုံးနေရာကနေ မျက်နှာတည်သွားရင်း" ရတာပေါ့ ... ဒါ "
" နေပါဦး ... ကျွန်တော့်စကား မဆုံးသေးပါဘူး။ ဓာတ်ပုံ နောက်မှရိုက်ပါ "
Khun Krekalai ဖြတ်ပြောလိုက်တဲ့ အသံကြောင့် Arthit ကို ဖက်ဖို့လုပ်နေတဲ့ Kongpop ရဲ့လက်တွေက ခုံတန်းပေါ်ချက်ချင်းပြန်ရောက်သွားတယ်။
နေပါဦး .. ခုပုံစံက မဖက်ချင်ဖက်ချင်ပုံစံကြီးမလား ? ဟာ့ .. ဖြစ်ရလေပဲ!
" အဓိက သားနဲ့သားမက်က မွေးထားတဲ့
ကလေးကို မိတ်ဆက်ပေးချင်တာပါ။ ကျွန်တော့်မြေးပေါ့ "Khun Krekalai က Cas အကြောင်း
စကားစ,လာရင်းနဲ့ ပြောရခက်နေတဲ့အချိန် သတင်းထောက် တစ်ယောက်က
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...