ဆိုဖာပေါ်ကို ကျသွားပေမယ့် ပစ်ချလိုက်တဲ့အရှိန်ကြောင့် ခါးအောင့်သွားတာမို့ ရှေ့မှာ ရပ်ကာ စိုက်ကြည့်နေတဲ့ Kongpop ရဲ့ခြေထောက်ကို ဒေါသထွက်ထွက်နဲ့ လှမ်းကန်
လိုက်တယ်။" Ahhhh "
" သြော် .. မင်းကျ အသံထွက်အောင် နာတတ်တယ်ပေါ့။ ငါ့ကို ဒီကို အတင်းခေါ်လာတဲ့အတွက် မင်း ဦးရှေ့ရောက်ရင် ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားထား !! "
အသံကျယ်ကျယ်နဲ့ Arthit က အော်ပြောလိုက်တော့ နားညီးလိုက်တာဆိုပြီး တိုးတိုးလေး ရေရွတ်လာတဲ့ အမြင်ကပ်စရာ Kongpop အပြုအမူကြောင့် ထပ်ကန်ဖို့ ရွယ်လိုက်တာနဲ့ Kongpop က ရှောင်သွားရင်း
" ဘားကောင်တာကို သွား "
ဘားကောင်တာဆိုတော့မှ Arthit မျက်လုံးတွေက ရောက်နေတဲ့နေရာရဲ့ ပတ်ပတ်လည်ကို ရှာကြံလှည့်ကြည့်နေမိတော့တာ။ အရင်လို မဟုတ်တော့ပေမယ့် ယခင်က ယမကာဖျော်ခဲ့ရတဲ့နေရာကတော့ ဒီအတိုင်း မပြောင်းလဲ။
ပုလင်းတွေ စီရီထားတဲ့ နံရံမြုပ်ဘီဒိုကြီးကို
နောက်ခံထားပြီး အဲ့ဒီ့အရှေ့မှာ အတတ်နိုင်ဆုံး လက်တွေ့ဆန်ဆန် ပြုံးပြခဲ့ဖူးတယ်။အတတ်နိုင်ဆုံး ဧည့်သည်တွေရဲ့ ပေါက်ကွဲရင်ဖွင့်သံတွေကို နားထောင်ရင်း အကြံတွေပေးခဲ့ဖူးတယ်။ အလုပ်လုပ်ရတဲ့ အခိုက်အတန့်တိုင်း ပျော်နေခဲ့ဖူးတယ်။မျက်လုံးတွေက အပေါ်ထပ်ကို တက်တဲ့လှေကားတွေဆီ အရောက် ခြေထောက်တွေက သူ့အလိုလို တုန်ယင်လာတာ ကိုယ့်ကိုကိုယ် အသိဆုံး။ လှေကားအဆုံးကျရင် မြင်ရမယ့် တံခါးဖြူဖြူတွေကို တွေးမိတိုင်းပန်းရောင်အအေးဘူးကို သဘောတကျနဲ့သောက်နေတဲ့ ကိုယ့်ကို ကုတင်ပေါ်မှာ ထိုင်ကာ ပြုံးပြုံးကြီးကြည့်နေခဲ့တဲ့ Kongpop ရဲ့ မျက်လုံးတွေက အာရုံထဲမှာ ထင်းကနဲ။
" P' "
အသည်းအသန် ငြင်းနေခဲ့ပေမယ့် ဘယ်သူမှ သူ့ကို မယုံပေးကြတဲ့အပြင် ရွံရှာတဲ့ အကြည့်တွေနဲ့အတူ ပိုင်းလုံးကောင်လို့ ပြောနေသံတွေက နားထဲမှာ တစီစီ ...။
" P'Arthit ! "
" ငါ .. ငါ့ကို အိမ်ပြန်ပို့ပေးစမ်း ! "
![](https://img.wattpad.com/cover/140940920-288-k558363.jpg)
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...