19
Kongpop ဆေးရုံတက်တဲ့ ည
ဆေးရုံအပြေးပို့ပီးတဲ့ညနေအထိ Kongpop ပြန်သတိမရလာခဲ့။
ဆရာဝန်ပြောစကားအရ အိပ်ရေးပျက်ထားတာတွေနဲ့အတူ ပင်ပန်း
နေတာတွေပါစုပီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်ဆိုလို့သာ Aim တယောက် သူ့ကို အိမ်ပြန်ဖို့ပြောလာတယ် ..Cas ကိုလည်း အဖိုးအဖွားတွေနဲ့ ပစ်ထားလို့ကမကောင်း။
ပီးတော့ အိမ်ကို Kongpop ပြန်မလာနိုင်မယ့်အတူတူ သူပါ
ပျောက်နေရင် တမျိုးထင်သွားမှာဆိုးမိတာကြောင့် Aim သူ့ကို
အိမ်ပြန်ပို့တဲ့လမ်းမှာ Kongpop မိဘတွေသိသွားလည်း ကောင်းလာဖို့မရှိလို့ Kongpop ဆေးရုံတက်နေရတဲ့အကြောင်းကို
မပြောသေးဖို့ နှုတ်ပိတ်ထားရသေး .." Mae ... တော်ပါတော့ ! Kongpop ကို လိုက်ကာပေးမနေပါနဲ့တော့ "
P'Earth ?
" ခု ဆေးရုံမှာလေ နင့်မောင်က .. ဖြစ်တာလည်း နင်တို့
ကောင်းလှပါချည်ရဲ့ဆိုတဲ့ Arthit ကြောင့်မလား ? ငါ ဒီလောက် သဘောမကျပါဘူး ပြောနေတာတောင်မှ ငမ်းငမ်းတက်လိုချင်နေတာကြောင့်သာ မနည်းပေးစားလိုက်ရတာ .. "ဧည့်ခန်းထဲကိုမဝင်ခင်တည်းက ကြားနေရတဲ့ Kongpop အမေနဲ့ P'Earth အသံကြောင့် သူ တံခါးအကွယ်မှာဝင်ပုန်းရင်း
နားထောင်လိုက်တယ်။ Khun Pan အနေနဲ့ သူ့ကို မကြည်ဖြူတာ
တော့ ကောင်းကောင်းကြီးသိပီးသား .." Kong ကို ခုမှ ဘာလို့ဂရုစိုက်ပေးနေတာလဲ !? Mae Kong ကိုမွေးပီးတည်းက Nanny လက်ထဲထိုးပေးထားတာ သမီးတို့အကုန်အသိ။ Mae ပျော်ခဲ့ပါးခဲ့တဲ့အချိန်မှာ Kong ကို သမီးတို့နှစ်ယောက် ဝိုင်းထိန်းလာခဲ့ကြတာ "
" သမီးတို့ကိုမွေးပီးလို့ လွတ်လပ်ပီထင်ပီးနေခဲ့ရာကနေ Kong ကို
နှစ်တွေအများကြီးကြာမှ ရလာလို့ မပျော်ရတော့ဘူးဆိုပီး Mae ပစ်ထားခဲ့တာ တအိမ်လုံးအသိ "P'Earth အပြင် P'Jeer ပါ ဝင်ပြောလာတာကြောင့် ဧည့်ခန်းထဲမှာ အခြေအတင်ဖြစ်နေကြတဲ့ မိသားစုဆီ သူ လှမ်းကြည့်ရင်း Cas
ကို ရှာလိုက်တယ်။ရွှတ် !!
" Arthit ~ "
" Rome ~ "
ပြန်ရောက်လာမယ်လို့ အသိမပေးဘဲ P'Earth နဲ့ လိုက်လာပုံရတဲ့ Rome က ခေါင်းညိတ်ပြရင်း နှူတ်ခမ်းပေါ်လက်တင်ပြတယ်။ သူတို့
ညီအစ်ကိုနှစ်ယောက်အဖြစ်က ဧည့်ခန်းတံခါးရဲ့ တဖက်တချက်စီမှာ ပုန်းပီး ခိုးနားထောင်နေရတဲ့အဖြစ်။
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...