စီစဉ်ထားတဲ့အတိုင်းပဲ ကွက်တိဖြစ်လာတယ်လို့ ပြောရမလား ?
လွန်ခဲ့တဲ့ ငါးရက်လောက်က "မင်းကိုရွံလို့ " ဆိုပြီး ပြောထားတဲ့ P'Arthit က ခုဆို အိမ်မှာ ဘာမှမငြင်းနိုင်ဘဲ ရောက်နေရပြီလေ။
သေချာညှိပြီးပြောထားလို့ သားက ဂျီမကျဘဲ ဒီရက်တွေမှာ တိုးတိုးတိတ်တိတ် နေပေးလို့သာပေါ့ .. ဒါတောင် P'Arthit နဲ့ မတိုးအောင် တနေကုန် အပြင်မှာ လျှောက်လည်ပေးနေရတာက ခပ်များများ။
P'Earth နဲ့ P'Jeer က ကိုယ်လုပ်တဲ့ အစီအစဉ်ကို လုံးဝမကြိုက်ပေမယ့်လည်း သူတို့တူလေး ဒီအိမ်ရဲ့တရားဝင်မြေးဖြစ်လာဖို့လို့သာ ပြောထားလို့ မျက်စိမျက်နှာပျက်ပြီး ငြိမ်နေပေးကြတာ။
" P'Rome လား ? ဒီဘက်မှာ အကုန်အဆင်ပြေနေတာမို့ P' သက်သာသွားရင်
ဘန်ကောက်ကို လာဖို့ ကျွန်တော် အကုန်စီစဉ်ပေးမယ်နော် "" Arthit က မင်းအဖေပြောတာကို လက်ခံမယ်တဲ့လား ? "
" ဘာမှတော့ ပြန်မပြောဘူး P' .. သားပြန်ရောက်မှ သူ ထပ်စဉ်းစားမယ်လို့ပြောတယ် "
P'Rome ကလည်း ကိုယ့်အစ်မတွေလိုပဲ Cas ကို ဒီအိမ်မှာ အဆင်ပြေစေချင်တယ်။ ဒါ့ထက် သူ့အစ်ကိုကိုလည်း သက်တောင့်
သက်သာဖြစ်မယ့်ဘဝမျိုးမှာ နေစေချင်တာမို့
ကိုယ်ပြောတဲ့အကြံကို လက်ခံခဲ့တာ ။အဲ့နေ့က ကိုယ်နဲ့ Cas ပြန်သွားပြီးတဲ့နောက် ကိုယ်စီစဥ်ပေးထားတဲ့အတိုင်း ကားတိုက်ခံရတဲ့ပုံစံမျိုး ဖြစ်အောင်လုပ်ခိုင်းခဲ့ပေမယ့် တကယ် အတိုက်ခံမယ်ဆိုပြီး P'Rome က
လုပ်လို့ ဖုန်းဆက်တားထားရသေးတယ် ။တကယ်တိုက်ခံစရာမှ မလို။ ဆေးရုံမှာ
ကူပြောပေးဖို့ တစ်ယောက်လုံးကို
ဘန်ကောက်ကနေ တကူးတက ခေါ်ထားတာပဲဟာ။တကယ်က P'Bright က ဆရာဝန်မဟုတ်။ ဝယ်နေကျ ဆိုင်ကယ်နဲ့ကား အကုန်လုံးက P'Bright ဆိုင်က လာတာတွေကြီးပဲ။ ဒီလောက်ဆို P'Bright အလုပ်အကိုင် အစစ်ကို သိလောက်မှာပါ။
" N'Kong !? ငါ လိမ်တာက လိမ်ပေးလို့ရတယ်။ ဒါပေမယ့် မင်းယောက်ဖက ဒီကို မျက်လုံးတစ်ဖက်ညို ပါးတစ်ဖက်ယောင်ကိုင်း လက်တစ်ဖက်က အရိုးအက်ပြီးရောက်လာတာက အစစ်ကြီးနော် ! အဲ့လောက်လုပ်ခိုင်းရလားဟ ? "
YOU ARE READING
I want even your name , Arthit ( mpreg )
FanfictionCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...