ပင်လယ်စာ ကောင်းကောင်း စားလို့ရတဲ့ဆိုင်လို့ မက်ဆေ့ချ်ထဲမှာ ပါလာလို့ ဆိုင်ကောင်းကောင်း ခေါ်လာပါတယ် .. ခုထိ ဟင်းပွဲတွေကနေ မျက်စိမခွာ လက်ကလည်း ဟိုခွက်နှိုက် ဒီဟာယူနဲ့။
နောက်ဆုံး ကိုယ် ကြည့်လို့အရဆုံး နှုတ်ခမ်းလေး ဟကာ ပါးစပ်ထဲကို ပလုတ်ပလောင်းထိုးထည့်ကာ အလုပ်များနေတဲ့ ရှေ့က အပုကို လက်ပိုက်ပြီးသာ ကြည့်နေရတဲ့ ကိုယ့်အဖြစ်က...... ။
ကိုယ့်အဖြစ်က.... မကြိုက်တဲ့ အစားအစာဖြစ်သော်ငြားလည်း ဟော့ဒီ တောသားလေးက ငမ်းငမ်းတက် ဖြစ်နေလို့ လိုက်ထိုင်စားပေး နေရတာပေါ့။
ကိုယ့်အဖြစ်က ကိုယ့်လို ချောလွန်းတဲ့သူက ကျကျနနနဲ့ အခန့်သား လက်ပိုက်ထိုင်ကြည့်နေတာတောင် ရှေ့က ကိုယ့်ကိုတောင် ရှိသည်ထင်ရဲ့လားမသိ အစားပဲ မက်နေတဲ့ ပိစိကွေးဆီက အာရုံမရလာတာမျိုးပေါ့... ကိုယ်ပြောချင်တာ သိတယ်မလား ????
တကယ်တမ်း ကိုယ့်အဖြစ်ကကောင်းရောင်းကောင်းဝယ် လုပ်စားနေသူအဖြစ်ကနေ ဆရာဝန်ဘဝကို လိမ်လည်ပြီးရောက်သွားခဲ့ရသလိုမျိုးပေါ့...
အဲ... ဒါပေမယ့် တန်ပါတယ်လေ
" အဟမ်း !!! "
လည်ချောင်းရှင်းလိုက်လည်း အလိုက်မသိ။ အစားက မပျက်။ တမင် လုပ်နေသလားပဲ?
" ဗိုက်ပွင့်ထွက်တဲ့အထိ ဆက်တိုက် ထည့်နေမလို့လား Rome ? "
တဖက်လူစကားထဲမှာ သူ့နာမည်ပါလာမှ Rome က မျက်လုံးလှန်ကြည့်လာရင်း လက်ထဲက တူကို ချလိုက်ကာ ဘေးက Iced Lemon tea ကို စုပ်သောက်တယ်။
" ဘာပြောမှာလဲ ? ပြောစရာရှိတာ ပြောလေ "
" ကိုယ်ပြောပြီးသားလေ။ မင်းအကြောင်း ကိုယ် ပိုသိချင်မိတယ်။ ကိုယ်တို့ ဒီ့ထက်ပိုရင်းနှီးအောင် ကြိုးစားချင်တယ်လို့... အဲ့ဒါကြောင့် ခုလို ဒိတ်ဖို့ ခေါ်လာတာပော့ "
" ဒိတ် !?.... ဒိတ်ဖို့ ?? "
Rome က အအေးသောက်နေရင်းကနေ ပိုက်က ပါးစပ်မှာ တန်းလန်းနဲ့ စကား အထစ်ထစ်ငေါ့ငေါ့ဖြစ်ကာ မေးလာတော့ Bright လည်း ဝမ်းသာအားရနဲ့ ခေါင်းညိမ့်ပြလိုက်တယ်။

YOU ARE READING
I want even your name , Arthit ( mpreg )
FanficCompleted / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသား တစ်ယောက်...။ ထိုနှစ်ယောက်ကြားထဲက ဖြစ်တည်မှုလေးတစ်ခုက သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်း...