I will show you to know ( U )

4.3K 332 1
                                    

Kongpop အိမ်ရဲ့ သုံးလမ်းအကျော်လောက်မှာ Khun Krekkalai ရဲ့ အကူအညီနဲ့ Arthit က သူ့ကော်ဖီဆိုင်လေးကို ပြန်ပြင်ဆင်ကာ ဖွင့်ဖြစ်တယ်။

ခုလို နှစ်ပတ်ကျော်လောက်အထိ Kongpop အိမ်မှာနေတာ ကြာသွားပေမယ့် Kongpop ဆီကလည်း အနိုင်ကျင့်ပြောဆိုတာတွေနဲ့ ဝေးနေတာမို့ စိတ်ချမ်းသာနေရတယ်။

သတင်းစာရှင်းလင်းပွဲပြီးကတည်းက Arthit ရှိတဲ့ အိမ်အသေးဘက်ကိုလည်း Jeer နဲ့ Cas သာ လာလည်ကြတာမို့ Arthit အနေနဲ့လွတ်လွတ်လပ်လပ်ရှိလာတာ အမှန်။

Kongpop ရဲ့အိမ်ထောင်ဖက်အနေနဲ့ ဘာမှ တာဝန်မယူနိုင်ရင်တောင် အနည်းဆုံးတော့စိတ်ပါတဲ့နေ့တိုင်း အိမ်ကြီးဘက်ကို ကူးပြီး
တစ်အိမ်လုံးစားဖို့ ဖွယ်ဖွယ်ရာရာ သွားချက်ပေးနေကျ..

" N'Arthit ... ဆိုင်ထဲမှာ ဘာပစ္စည်းတွေ
ထည့်ဖို့လိုသေးလဲ ? ဆိုင်ဖွင့်ပွဲနေ့ ဦး မလာဖြစ်ခဲ့ရင် ပန်းစည်းပို့ပေးလိုက်မယ်နော် "

" ဘာမှမလိုတော့ပါဘူး ဦး ... P'Earth က အရင်ဆိုင်က ပစ္စည်းတွေကို လှမ်းပို့ပေးထားတာမလို့ ဘာမှကို မလိုတာပါ။ ဆိုင်ခန်းနေရာအတွက်ပဲ ကျွန်တော်က ကျေးဇူးတင်နေပါပြီ"

Khun Krekkalai နဲ့ ဆုံမိရင်တော့ ကိုယ် ဒီမှာနေရအဆင်ပြေအောင် လိုအပ်တာတွေ စီစဉ်ပေးမယ့်ကိစ္စကို အများဆုံး ပြောဖြစ်ကြတာပါပဲ။

Khun Pan ကတော့ ကိုယ်က Kongpop ကို
ခါးခါးသီးသီး ငြင်းလို့ဆိုပြီး  ခုထိ မကြည်။ အိမ်ကြီးကိုသွားတိုင်း Khun Pan ဆီက မျက်စောင်းဒဏ်တွေက သိပ်ကို ခံရတာလေ ..

" ငါ့မြေးလေးက Daddy နဲ့တူလို့ ချောတာမလား ? ဟုတ်တယ်မလား ကလေး "

" ဖိုးဖိုးကပြောတယ် Cas က ချောတဲ့ Daddy
နဲ့ ချစ်ဖို့ကောင်းတဲ့ Papa တို့ဆီက နှစ်ခုတောင် .. အင်း ... နှစ်ခုရလို့ နှစ်ခုလုံး ချိတယ်တဲ့ "

မီးဖိုဆောင်ခန်းကြီးထဲမှာ အိမ်ကအကူတွေနဲ့အတူ Arthit လာချက်ပေးနေတာကို ဘယ်သူမှ မသိ.. ။ ထမင်းစားခန်းထဲမှာထိုင်ကာ Cas နဲ့ ကစားပေးနေတဲ့ Khun Pan က Cas စကားလည်းကြားရော မျက်နှာက တည်သွားရင်း

" ပြောပါဦး ဒီက ကိုယ်တော်လေး Papa က ဘယ်နေရာမှာ ချစ်ဖို့ကောင်းလို့လဲ? ခုထိ ဖွားဖွားတော့ ချစ်ဖို့ကောင်းတာ တစ်ခုမှ မတွေ့ဘူး။ လာတိုင်း စူပုတ်နေတာပဲ တွေ့တယ်"

I want even your name , Arthit ( mpreg )Where stories live. Discover now